3 May 2024

,

ဇူလိုင်လ ၂၃ ရက်နေ့က သူဟာ သက်သာနေပြီဖြစ်ကြောင်း ကိုဗစ်ဝေဒနာကို ၂၅ ရာခိုင်နှုန်းလောက်သာ

ခံစားနေရကြောင်း ပြောပါတယ်။ နောက်ပြီး အဆုပ်ထဲပိုးဝင်ခဲ့တာကြောင့် ဗိုင်းရပ်စ်တားဆေးကို

စဉ်ဆက်မပြတ်သောက်နေရတယ်လို့ ၎င်းကဆိုပါတယ်။

“ကျွန်တော်ဆေးရုံက ကောင်းကောင်းမွန်မွန်ဆင်းလာခဲ့ရတာမဟုတ်ပါဘူး

ကျွန်တော်လူလစ်ချိန်ထွက်ပြေးလာခဲ့ရတာပါ။ ကျွန်တော်နေတဲ့အခန်းကို CCTV တပ်ထားတယ်

ကျွန်တော်လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်” လို့ ခွန်နဝပ်က သူ့ရဲ့ဖေ့ဘွတ်မှာ Live လွှင့်ပြောဆိုခဲ့ပါတယ်။

 

ထပ်မံပြီး ခွန်နဝပ်က သူ့ကို ဆရာဝန်တစ်ဦးကဆေးရုံက ၂၄ နာရီအတွင်း ဆင်းပေးဖို့ ဖုန်းဆက် လာတာကို

ဖုန်းရက်ကောဒင်ယူထားပြီး လူထုကို ချပြခဲ့ပါတယ်။

ခွန်နဝပ်ရဲ့အစိုးရကို ဝေဖန်ပြစ်တင်ပြောဆိုမှုမှာ လူငယ်အများစုက ထောက်ခံလျက်ရှိပြီး လူအချို့ကတော့

ခွန်နဝပ်ရဲ့ လုပ်ရပ်ကို ဝေဖန်ပြစ်တင်ပြောဆိုလျက်ရှိပါတယ်။

SHARE THIS NEWS

OTHER NEWS