9 May 2024

ဆယ်စုနှစ် ၂ ခုတောက်လျှောက်ဘတ်ဂျက်လိုငွေပြနေပြီး အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာယွတ် ကျန်အိုချာ အုပ်ချုပ်သည့် ၈ နှစ်အတွင်း အစိုးရချေးငွေ ဘတ် ၅.၇ ထရီလျံအထိမြင့်မားနေ။

 

ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနမှ လာမည့်ဘတ်ဂျက်နှစ် ၃ နှစ်အတွင်း ဘတ် ၂.၉ ထရီလျံထပ်မံချေးယူနိုင် ရန် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ထိုင်းအစိုးရအဖွဲ့မှ အတည်ပြုလိုက်ပြီးနောက် အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာယွတ် ကျန်အိုချာ အုပ်ချုပ်ခဲ့သည့် ၈ နှစ်အတွင်းအစိုးရချေးငွေစုစုပေါင်း ၅.၇ ထရီလျံရှိလာမည်ဟုThan Digital သတင်းဌာနမှဖော်ပြထားသည်။

 

လာမည့် ၂၀၂၃ ဘတ်ဂျက်နှစ်တွင် ဘတ် ၆၀၀.၉၅ ဘီလျံ၊ ၂၀၂၄ ဘတ်ဂျက်နှစ်တွင် ဘတ် ၇၀၀.၁ ဘီလျံ၊ ၂၀၂၅ ဘတ်ဂျက်နှစ်တွင် ၇၀၀.၂၃ ဘီလျံ၊ ၂၀၂၄ ဘတ်ဂျက်နှစ်တွင် ၇၀၀.၃၅ ဘီလျံ ဘတ်ဂျက်လိုငွေပြမည်ဟု ဖော်ပြထားသည်။

 

ထို့ကြောင့် ထိုင်းအစိုးရသည် လာမည့် ၃ နှစ်အတွင်း ဘတ် ၂.၈၆၄ ထရီလျံထပ်မံချေးယူရမည်ဟု ဆိုသည်။

 

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မေလတွင် ဗိုလ်ချုပ်ကြီး (ငြိမ်း) ပရာယွတ် ကျန်အိုချာစတင်အုပ်ချုပ်ခဲ့ပြီးနောက် ၂၀၁၅ ဘတ်ဂျက်နှစ်ကိုရေးဆွဲခဲ့ပြီး အဆိုပါဘတ်ဂျက်နှစ်တွင်ဘတ် ၂၅ ဘီလျံလိုငွေပြခဲ့သည်။

 

ထို့နောက်တွင် တောက်လျှောက်ဘတ်ဂျက်လိုငွေပြခဲ့ပြီး ၂၀၁၆ ဘတ်ဂျက်နှစ်တွင်နှစ်လယ်ဘတ်ဂျက် ၅၆ ဘီလျံ၊ ၂၀၁၇ ဘတ်ဂျက်နှစ်တွင်နှစ်လယ်ဘတ်ဂျက်ဘတ် ၁၉၀ ဘီလျံ၊ ၂၀၁၈ ဘတ်ဂျက်နှစ်တွင်နှစ်လယ်ဘတ်ဂျက်ဘတ် ၁၅ ဘီလျံထပ်တိုးခွင့်ပြုခဲ့သည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS