10 May 2024

,

စက်တင်ဘာ ၁၇ ရက်၊ ၂၀၂၁

ချင်းမိုင်ရှိ မှန်အရောင်းဆိုင်ဝန်ထမ်းအမျိုးသမီးတစ်ဦးက အနောက် ၂ လုံးတိုက်နှင့် ၃ လုံးတိုက်ကံစမ်းလိုသည့်ရည်ရွယ်ချက်ဖြင့် ထိုင်းထီ ၅ စောင်ဝယ်ယူကံစမ်းရာမှ

ပထမဆု ဘတ် ၆ သန်း ၅ စောင်ကံထူးပြီး သန်း ၃၀ ကံပွင့်၊ စီးပွားရေးလုပ်မည်ဟု ဆို။

မှန်အရောင်းဆိုင်ဝန်ထမ်းတစ်ဦးဖြစ်သည့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ကမ်ဖယ်စဲမြို့နယ်၊ ပါဖိုင်ကျေးရွာအုပ်စုတွင် နေထိုင်သူအမျိုးသမီးတစ်ဦးသည် ထိုင်းထီ

အနောက် ၂ လုံးတိုက်နှင့် ၃ လုံးတိုက်ကံထူးလိုသည့်ရည်ရွယ်ချက်ဖြင့် ထီလက်မှတ် ၅ စောင်ဝယ်ကံစမ်းရာမှ ပထမဆုဘတ် ၆ သန်း ၅ စောင်ကံထူးပြီး စုစုပေါင်းဆုငွေ

ဘတ်သန်း ၃၀ ရရှိသွားသည်ဟု သိရသည်။

သူမ၏ဘဝအခြေအနေကို လုံးဝပြောင်းလဲစေခဲ့သည့် ဘတ်သန်း ၃၀ ထီကံထူးခြင်းကြောင့် ခြေတုန်လက်တုန်သည်အထိ ဝမ်းသာပီတိဖြစ်ခဲ့သည်ဟု သူမရင်ဖွင့်သည်။

ရရှိလာသည့်ထီဆုငွေများကို ကြွေးမြီဆပ်မည်ဖြစ်ပြီး ကျန်ရှိငွေများဖြင့် စီးပွားရေးလုပ်ကိုင်မည်ဟု ကံထူးရှင်ကဆိုသည်။

အဆိုပါ ထီလက်မှတ်များကို စန်းကမ်ဖယ်ဈေးရှေ့ရှိ “ကျဲတင်းမ်” ထီဆိုင်တွင်ဝယ်ယူခဲ့သည်ဟု ဆိုသည်။

SHARE THIS NEWS

OTHER NEWS