10 May 2024

လတ်တလော အများပြည်သူထိန့်လန့်နေသည့် အိုမီခရွန်မျိုးကွဲ ကိုဗစ်-၁၉ ရိုက်ခတ်မှုကို လက်သင့်ခံနိုင်ရန်အတွက် ထိုင်းအစိုးရအိတ်ကပ်ထဲတွင် လက်ကျန်ဘတ်ဂျက် ၈၃၃ ဘီလျံရှိ။

 

ထိုင်းအစိုးရက နိုင်ငံတော်ကြွေးမြီကို နိုင်ငံ့ဂျီဒီပီ၏ ၇၀ ရာခိုင်နှုန်းအထိတိုးမြှင့်ခွင့်ပြုလိုက်ပြီးနောက် ထိုင်းမြေပေါ်ကိုခြေဆန့်လာသော အိုမီခရွန်မျိုးကွဲ ကိုဗစ်-၁၉ ရိုတ်ခတ်မှုဒဏ်ကို လက်သင့်ခံရန်အတွက်ထိုင်းအစိုးရတွင် ဘတ်ဂျက်ငွေ ဘတ် ၃၈၈ ဘီလျံအထိရှိနေသည်ဟု Bangkok Biznews သတင်းဌာနကဖော်ပြထားသည်။

 

ပြီးခဲ့သည့်ကာလတွင် ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်မှုကြောင့် လူမှုစီးပွားပြဿနာကိုဖြေရှင်းရန်အတွက်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ချေးငွေစုစုပေါင်း ၁.၅ ထရီလျံအထိချေးယူနိုင်မည့် ထုတ်ပြန်ချက်နှစ်ခုကိုထိုင်းအစိုးရကထုတ်ပြန်ပေးခဲ့သည့်အပြင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာလုပ်ငန်းများတွင်အသုံးပြုရန်အတွက် ၂၀၂၁ ဘဏ္ဍာနှစ်တွင်ဗဟိုဘတ်ဂျက် ဘတ်၄၀ ဘီလျံ၊ ၂၀၂၂ ဘဏ္ဍာနှစ်တွင်ဗဟိုဘတ်ဂျက် ဘတ် ၁၆.၃ ဘီလျံချပေးထားသည်ဟု ဖော်ပြထားသည်။

 

ထို့ကြောင့် ထိုင်းနိုင်ငံတွင် အိုမီခရွန်မျိုးကွဲ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့ခဲ့လျှင်လက်သင့်ခံနိုင်ရန်အတွက်ထိုင်းအစိုးရတွင် ဘတ်ဂျက် ဘတ် ၃၈၈ ဘီလျံအရန်သင့်ရှိနေသည်ဟု ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS