10 May 2024

စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၁

 

မြို့တော်ဗန်ကောက်တောင်ဘက်ရှိ စမွတ်ပရာကန်ခရိုင် ဘန်ဘော်မြို့နယ်တွင် ရေကြီးရေလျှံမှုနှင့်ရင်ဆိုင်နေရပြီး ပြည်သူတချို့ရေဘေးလွတ်ရာသို့

ရွှေ့ပြောင်းနေရ။

 

 

စမွတ်ပရာကန်ခရိုင် ဘန်ဘော်မြို့နယ်တွင်ရေကြီးရေလျှံမှုနှင့်ရင်ဆိုင်နေရပြီး ဝပ်ဘန်ဘော်စာသင်ကျောင်းဝင်းတွင်ရေအမြင့်ပေခါးထိရှိလာကာ

လမ်းမပေါ်တွင် ၃ စင်တီမီတာအထိမြင့်တက်လာနေ၍ပစ်ကပ်ကားများနှင့်ယာဉ်ကြီးများသာ ဖြတ်သန်းနိုင်သည်ဟု သိရသည်။

 

 

မျော့များပါလာသောရေကြီးရေလျှံမှုကြောင့် ပြည်သူတချို့သည် ရေဘေးလွတ်ရာသို့ရွှေ့ပြောင်းနေထိုင်ကြရပြီး ရေယာဉ်မရှိ၍ ကလေးသူငယ်

များနှင့်သက်ကြီးရွယ်အိုများကို ခက်ခက်ခဲခဲရွှေ့ပြောင်းရသည်ဟုဆိုသည်။

 

 

ဘန်ဘော်မြို့နယ်တွင်နှစ်စဉ်ချောင်းရေလျှံမှုနှင့်ရင်ဆိုင်နေရပြီး ယခုနှစ်တွင် ပိုမိုဆိုးရွားသည်ဟု ဒေသခံတစ်ဦးကဆိုသည်။

 

စမ်းရွန်ချောင်းနားတွင်တည်ရှိသည့် ဘန်ဘော်ဘုန်းကြီးကျောင်းဝင်းအတွင်း ရေလွှမ်းမိုးထားပြီး ကျောင်းရှေ့လမ်းမတွင်ရေအမြင့်ပေ ၃

စင်တီမီတာအထိရှိလာ၍ ယာဉ်များသွားလာခြင်းကြောင့်လှိုင်းမခတ်စေရန် သဲအိတ်များချထားရသည်ဟု သိရှိရသည်။

SHARE THIS NEWS

OTHER NEWS