27 April 2024

သုံးနိုင်ငံရွှေ့ပြောင်းလုပ်သား ၂ သန်းနေရပ်ပြန်ထား၍ ထိုင်းနိုင်ငံစက်မှုလုပ်ငန်းကဏ္ဍတွင် လုပ်သား ၅ သိန်းလိုအပ်နေပြီး ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်အားခ ၁၀ ရာခိုင်နှုန်း ခုန်တက်။

 

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ကူးစက်ပျံ့နှံ့သည့်အချိန်မှစ၍ မြန်မာ လာအိုနှင့်ကမ္ဘောဒီးယားလုပ်သားဦးရေ ၂ သန်းခန့်နေရပ်ပြန်သွားပြီး ပြန်လည်ဝင်ရောက်လာနိုင်ခြင်းမရှိသေးတာကြောင့် ထိုင်းစက်မှုလက်မှုလုပ်ငန်းတွင် လုပ်သား ၅ သိန်းဦးအထိလိုအပ်နေပြီး အထည်အလိပ်နှင့်စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းများတွင် လုပ်သားလုယက်နေကြရပြီး လုပ်အားခနှင့်ခံစားခွင့်တိုးမြှင့်ပေးခြင်းဖြင့် လုပ်သားများ ကိုဆွဲဆောင်လာသည်ဟု ထိုင်းစက်မှုလက်မှုအသင်း ဉက္ကဋ္ဌ ကဆိုသည်။

 

ဆောက်လုပ်ရေးလုပ်ငန်းများတွင် သက်ရောက်မှုပြင်းထန်ပြီး လုပ်အားခ ၁၀ ရာခိုင်နှုန်းခုန်တက်လာကာ နေအိမ်နှင့်ကွန်ဒိုဆောက်လုပ်ရေးလုပ်ကွက်များ ၂ လ မှ ၄ လအထိနှောင့်နှေးခဲ့ရသည်ဟု ဆိုသည်။ထို့ပြင် မေဂါပရော့ဂျက်စီမံကိန်းများကို အချိန်တိုးမြှင့်ပေးရန်နှင့် လုပ်သားခေါ်ယူရေးလုပ်ထုံးလုပ်နည်းများကိုဖြေလျှော့ပေးရန် ကန်ထရိုက်လုပ်ငန်းရှင်များအသင်းက ထိုင်းအစိုးရထံအဆိုပြုထားသည်ဟု ဆိုသည်။

 

တဖက်တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ယနေ့ (ဒီဇင်ဘာ ၁) တွင် MoU လုပ်သားခေါ်ယူရန် အလုပ်ခေါ်စာ (Demand) စတင်လက်ခံနေပြီဟု သိရသည်။

 

လတ်တလောတွင် စက်မှုလက်မှုကဏ္ဍတွင် လုပ်သား ၅ သိန်းလိုအပ်နေ၍ တရားမဝင်လုပ်သားခေါ်ယူမှုပြဿနာကိုအမြန်ဆုံးဖြေရှင်းပေးရန် အစိုးရထံအဆိုပြုထားသည်ဟု အသင်းဉက္ကဋ္ဌ ကဆိုသည်။

 

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုနှင့်ဆက်နွယ်နေသည့်တရားမဝင်လုပ်သားခေါ်ယူမှုပြဿနာကို လျှော့ချနိုင်ရန်အတွက် တရားဝင်လုပ်သားခေါ်ယူရေးလုပ်ငန်းစဉ်ကို ထောက်ပံ့ပေးရန်နှင့်ကုန်ကျစရိတ်လျှော့ချပေးရန်တောင်းဆိုထားသည်ဟု ဆိုသည်။

 

“လက်ရှိအခြေအနေအရ တရားဝင်လုပ်သားတစ်ဦးကို ဘတ် ၂ သောင်းအကုန်ကျခံပြီးခေါ်ယူရမယ်ဆိုရင် အလုပ်ရှင်တွေလက်ခံနိုင်ပါတယ် အလွယ်တကူလက်လှမ်းမီဖို့တော့လိုတာပေါ့ ၂ သောင်းပေးပြီး ခေါ်ယူရတာခက်ခဲတယ်ဆိုရင် အဆင်မပြေဘူး” ဟု ၎င်းကမှတ်ချက်ပေးသည်။

 

နိုင်ငံရေးနှင့်စီးပွားရေးပြဿနာများကြောင့် မြန်မာအပါအဝင် လာအိုနှင့်ကမ္ဘောဒီးယားလုပ်သားအမြောက်အများ ထိုင်းနိုင်ငံသို့လာရောက်လုပ်ကိုင်လိုနေ၍ အစိုးရအနေဖြင့် MoU လုပ်သားခေါ်ယူရေးကိုအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရန် တိုက်တွန်းထားသည်ဟု ဆက်လက်ပြောကြားသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

 

SHARE THIS NEWS

OTHER NEWS