10 May 2024

——————————————-

အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၁

.

ဖလမ်းမြို့နဲ့ တမိုင်လောက်ဝေးတဲ့ ထလန်ရောန်ရွာအနီးမှာ မနေ့အောက်တိုဘာ ၁၄ ရက်နေ့ညပိုင်းအထိစစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

.

မနက်ပိုင်းမှာကတည်းက တိုက်ပွဲစဖြစ်တာပါ။ ရွာထဲကအိမ် ၄ လုံးကိုလဲ မီးဝင်ရှို့သွားပါတယ်။ အဲဒီနောက် ရွာရဲအပြင်ဘက်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပါတယ်။ ညနေပိုင်းအချိန်ထိ အိမ် ၁၂ လုံး မီးလောင်သွားတယ်လို့ ထလန်ရောန်ရွာဒေသခံတစ်ဦးကပြောပါတယ်။

.

အောက်တိုဘာ ၁၃ ရက်နေ့မှာလည်းဖလမ်းမြို့နယ်ထဲက ရီရယ်သီးကျေးရွာ နှစ်ခြင်းအသင်းတော်ဘုရားကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ် ၄ လုံးကို စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ်။

 

တိုက်ပွဲတွေကြောင့် ဖလမ်းနဲ့ အနီးအနားက ရွာပေါင်း ၉ ရွာထက်မနည်းစစ်ဘေးရှောင်နေရပြီး ဖလမ်းမြို့ပေါ်မှာလည်း ဒေသခံတွေ နေအိမ်အပြင်မထွက်ရဲတဲ့အခြေအနေတွေဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

 

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်နဲ့ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/ CNDF အနေနဲ့ ခုခံတိုက်ခိုက်မှုတွေ လက်တုံ့ပြန်မှုတွေလုပ်ဆောင်သွားမယ်လို့ မနေ့ အောက်တိုဘာ ၁၄ ရက်နေ့ကထုတ်ပြန်ထားပါတယ်။

 

Ref: ဘီဘီစီမြန်မာပိုင်း

ဓါတ်ပုံ-Zalen

SHARE THIS NEWS

OTHER NEWS