3 May 2024

ထိုင်းပြည်ထဲရေးကြေညာချက်ထွက်ပြီ တရားမဝင်များ Name List တင်နိုင်ပြီ
.
ဇူလိုင် ၁၄ ရက်၊ ၂၀၂၃
.
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် တရားမဝင်ဖြစ်နေသော MoU မဟုတ်သည့်ရွှေ့ပြောင်း လုပ် သားများအား ၃၁-၇-၂၀၂၃ ရက်နေ့အထိ ဖြေလျှော့ခွင့်ပေးသည့်ကြေညာချက်တရပ်ကို ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနက ၁၄-၇-၂၀၂၃ ရက်စွဲဖြင့် ယနေ့တွင် အတည်ပြုထုတ်ပြန်လိုက်သည်။
.
အဆိုပါ ကြေညာချက်ကို ၅-၇-၂၀၂၃ ရက်နေ့တွင် နောက်ကြောင်းပြန် အာဏာတည်စေသည်ဟု ဖော်ပြထားသည်။
.
ယခုကြေညာချက်အရ ထိုင်းနိုင်ငံအတွင်းရှိ MoU မဟုတ်သော တရားမဝင်လုပ်သားများသည် ၃၁-၇-၂၀၂၃ ရက်နေ့ကို နောက်ဆုံးထား၍ အွန်လိုင်းမှတဆင့် လုပ်သားအမည်စာရင်း (Name List) တင်သွင်းရမည် ဖြစ်ပြီး လုပ်သားအမည်စာရင်းကျလာသောအခါ ၃၁-၇-၂၀၂၃ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် တရားဝင်နေ ထိုင်လုပ်ကိုင်ခွင့်ရရှိမည်ဟု ဖော်ပြထားသည်။
.
အွန်လိုင်းမှအမည်စာရင်းတင်သွင်းရန် အခက်အခဲရှိသော အလုပ်ရှင်များအနေဖြင့် လုပ်ငန်းခွင်တည်ရှိရာ မြို့တော်ဗန်ကောက် နယ်မြေအလုပ်အကိုင်ရှာဖွေရေးရုံး ၁၀ ရုံးနှင့် ခရိုင်အသီးသီးရှိ ခရိုင်အလုပ်အကိုင် ရှာဖွေရေးရုံးများတွင် လူကိုယ်တိုင်သွားရောက်တင်သွင်းနိုင်သည်ဟု ဖော်ပြထားသည်။
.
အလုပ်သမားအမည်စာရင်းများကို တင်သွင်းကြေးမရှိဘဲ အခမဲ့တင်သွင်းနိုင်သည်ဟု သိရှိရသည်။
.
ထို့ပြင် ၃၁-၇-၂၀၂၃ ရက်နေ့အတွင်း Name List တင်ထားသူများသာ လူသစ်ဘတ်ရိုက်ခွင့် ရရှိမည် ဟုလည်း သိရှိရသည်။
.
မည်သို့ဆိုစေ မည်သည့်အခါတွင် လူသစ်ဘတ်ရိုက်ပေးမည်ကို သိရှိရခြင်း မရှိသေးပေ။
.
ယခုကြေညာချက်အရ Name List တင်သွင်းခွင့်ရရှိထားသောလုပ်သားများမှာ-
၁။ ၅-၇-၂၀၂၃ မတိုင်မီ ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်လာပြီး လက်ရှိအလုပ်ရှင်ထံတွင် လုပ်ကိုင်နေသော တရားမဝင်လုပ်သားများ။
၂။ ဘိုင်ကျဲ့အော်သေသွားခြင်းကြောင့် ၅-၇-၂၀၂၃ မတိုင်မီ တရားမဝင်လုပ်သားအဖြစ် ရောက်ရှိ သွားသော လုပ်သားများ။
၃။ ဗီဇာရက်ကျော်လွန်ခြင်း (Overstay) ကြောင့် ၅-၇-၂၀၂၃ မတိုင်မီ တရားမဝင်ဖြစ်သွားသော လုပ်သားများ။
၄။ ဝေါ့ပါမစ်နှင့်ဗီဇာ သက်တမ်းတိုးမမီလိုက်၍ ၅-၇-၂၀၂၃ မတိုင်မီ တရားဝင်အဖြစ် ရောက်ရှိသွားသောလုပ်သားများ စသည့်လုပ်သားများပါဝင်သည်ဟု ဖော်ပြထားသည်။
.
အသက် ၁၈ နှစ်မပြည့်သေးသော မှီခိုများကို ဖခင် သို့မဟုတ် မိခင်နည်းတူ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ပြုထားပြီး လုပ်ငန်းခွင်တည်ရှိရာ မြို့တော်ဗန်ကောက်အတွင်းရှိ အလုပ်အကိုင်ရှာဖွေရေးရုံး ၁၀ ရုံး နှင့် ခရိုင်အလုပ်အကိုင်ရှာဖွေရေးရုံးအသီးသီးတွင် အွန်လိုင်းမှတဆင့် အမည်၊ နေရပ်လိပ်စာ၊ အသက်၊ နိုင်ငံ သား၊ ကျား/မ၊ ဖုန်းနံပါတ် စသည်တို့ကို တင်သွင်းရမည်ဟု ဖော်ပြထားသည်။
.
ထို့နောက် မှီခိုသူသည် မြို့တော်ဗန်ကောက်အတွင်းရှိ မြို့နယ်ထွေအုပ်ရုံး ၅၀ ရုံးအတွင်းရှိ မှတ်ပုံတင်ဌာန သို့မဟုတ် ခရိုင်အသီးသီးရှိမှတ်ပုံတင်ရုံးများတွင် ကိုယ်ရေးရာဇဝင်ပြစုရန် လျှောက်ထားရမည်ဟု ဖော်ပြ ထားသည်။
.
မှတ်ချက်။ ။ ၅-၇-၂၀၂၃ မတိုင်မီ ဝေါ့ပါမစ်နှင့်ဗီဇာ ၄ နှစ်စေ့သည့် MoU လုပ်သားများနှင့် ၅-၇-၂၀၂၃ မတိုင်မီ ဝေါ့ပါမစ်နှင့်ဗီဇာ ၆ နှစ်စေ့သည့် MoU လုပ်သားများသည် နေရပ်မပြန်လိုပါက ယခုကြေညာချက် အသုတ်တွင် Name List တင်ပြီး လူသစ်ဘတ်ရိုက်နိုင်သည်ဟု သိရှိရကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။
.
ဓာတ်ပုံ : စီအိုင်စခန်းတခုတွင် ထိုင်းရောက်မြန်မာလုပ်သားများ တန်းစီနေစဉ်
.

SHARE THIS NEWS

OTHER NEWS