3 May 2024

ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိကို မိနစ် အနည်းငယ် အတွင်း စစ်ဆေးသိရှိနိုင်မဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု Rapid Antigen Test Kit ကိုဗစ်စစ်ကိရိယာကို ဆေးရုံ/ဆေးခန်း နှင့် နီးစပ်ရာကျန်းမာရေးဌာန ဆေးပေးခန်းတွေမှာ ရောင်းချပေးသွားမှာြဖစ်တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန် အသိပေးထားပါတယ်။

ကိုဗစ်စစ်ကိရိယာ Antigan Test Kit ကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန က မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏အထွေအထွေအတွင်းရေးမှုး ဒေါက်တာ ဖိုင်ဆန် ဒန့်ခုမ်းက Antigan Test Kit နည်းဖြင့်ကိုဗစ်စစ်ဆေးမှုဟာ မြန်ဆန်တိကျတဲ့အတွက် အခြားသူတွေကို တစ်ဆင့်ကူးစက်နှုန်းကို မြန်ဆန်ကွင်းဆက်ဖြတ်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

ကနဦးအနေဖြင့် ထိုင်းနိုင်ငံတွင်းထုတ်လုပ်ရောင်းချဖို့ အောက်ပါ ကုမ္ပဏီ ၄ ခုကို မှတ်ပုံတင်ခွင့် ပေးထားပါတယ်။
1.STANDARD Q COVID-19 Ag Home Test บริษัท เอ็มพี กรุ๊ป (ประเทศไทย) จำกัด
2.SARS-CoV-2 Antigen Self Test Nasal บริษัท โรช ไดแอนโนสติกส์ (ประเทศไทย) จำกัด
3.SARS-CoV-2 Antigen Test Kit (GICA) บริษัท เจเนอรัลไซเอนซ์ เอ็นเตอร์ไพรส์ จำกัด
4.SARS-CoV-2 Antigen Rapid Test Kit (Colloidal Gold Immunochormatography) บริษัท ออสท์แลนด์ แคปปิตอล จำกัด

Antigan Test Kit ကို ကျန်းမာရေးဌာန ဆေးရုံ ဆေးခန်းနှင့် ဆေးဆိုင်တွေမှာသာ ဝယ်ယူဖို့ ထိုင်းအစိုးရက တိုက်တွန်းထားပါတယ်။ အသုံးပြုပြီးတဲ့အခါမှာလည်း သေချာထုတ်ပိုးပြီး ကိုဗစ်စစ်ဆေးကိရိယာ Antigan Test Kit ကို ထုပ်ပိုးထားတဲ့အမှိုက်အိတ်မှာ စာဖြင့်ရေးပြီး အမှိုက်ပုံးတွေမှာ စနစ်တစ်ကျ စွန့်ပစ်ကြဖို့ ကိုလည်း အထူးမှာကြားထားပါတယ်။

ကိုဗစ်စစ်ဆေးကိရိယာ Antigan Test Kit ကိုထိုင်းအစိုးရက သတ်မှတ်ထားတဲ့နေရာတွေမှာပဲ ရောင်းချ ခွင့်ပြုဖို့စီစဉ်နေတာဖြစ်ပြီး အွန်လိုင်းလိုင်းကနေမမှာကြဖို့ကိုလည်း မှာကြားထားပါတယ်။ FDA ခွင့်ပြုချက် မရှိဘဲရောင်းချနေတဲ့သူတွေကို တွေ့ရှိခဲ့ရင်လည်း ထောင်ဒဏ် ၆ လ ဖြစ်စေ ဒဏ်ငွေ ဘတ် ၅ သောင်း ဖြစ်စေ ပြစ်ဒဏ် ၂ ရပ်လုံးဖြစ်စေ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

SHARE THIS NEWS

OTHER NEWS