3 May 2024

ကိုဗစ်မျိုးကွဲသစ်အိုမီခရွန်ကူးစက်ခံထားရတဲ့လူနာ ဦးရေ စုစုပေါင်း ၇ ထောင်ကျော်သွားခဲ့တဲ့နောက် ဘန်ကောက်တွင်းက ကျောင်းပေါင်း ၁၀၉ ကျောင်းကိုချက်ခြင်း ပိတ်ပြီး အွန်လိုင်းစနစ်ဖြင့် သင်ကြားကြဖို့ ဘန်ကောက်မြို့တော်ဝန်က ဒီကနေ့မှာပဲညွှန်ကြားခဲ့ပါတယ်။ အဲဒီညွှန်ကြားချက်က (ယနေ့ကစပြီး) ဇန်နဝါရီလ ၇-၁၉ ရက်နေ့ထိ အကျုံးဝင်မှာပါ။

 

ဆက်လက်ပြီး ဘန်ကောက်မြို့တော်ဝန်က ကာကွယ်ဆေးဖို့ကျန်ရှိနေသေးတဲ့ အသက် ၁၂ နှစ်အောက်ကျောင်းသား စုစုပေါင်း ၁၆,၃၉၁ ဦးကို ဇန်နဝါရီလအတွင်းမှာ Pfizer အမျိုးအစားကိုဗစ်ကာကွယ်ဆေး ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

 

အသက် ၅ နှစ်ကနေ အသက် ၁၁ နှစ်အထိ ကလေးငယ်တွေကိုလည်း အိုမီခရွန်ကူးစက်မှု မှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်တွေကို အကောင်အထည်ဖေါ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

 

အကယ်၍သာ FDA က အသက် ၁၂ နှစ်အောက်ကလေးငယ်တွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံခွင့်ပြုခဲ့လျင် ဖေဖေါ်ဝါရီလက စပြီး ၁၂ နှစ်အောက်ကလေးငယ်တွေကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးသွားတော့မှာဖြစ်တယ်လို့ ဘန်ကောက်မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS