10 May 2024

ဒီဇင်ဘာ ၅ ရက်မှ ၁၁ ရက်နေ့အတွင်း မြို့တော်ဗန်ကောက်တွင် အပူချိန် ၁၉ ဒီဂရီစင်တီဂရိတ်အထိထိုးကျမည်၊ အနွေးထည်ပြင်ဆင်ထားရန် ထိုင်းမိုးဇလ သတိပေး။

ဒီဇင်ဘာ ၅ ရက်နေ့မှ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံကိုတိုက်ခတ်နေသော တရုတ်ပြည်မှလေဖိအားမြင့် ရပ်ဝန်းသည် အားနည်းလာသော်လည်း ရာသီဉတုအေးချမ်းပြီး လေတိုက်ခတ်မည်ဟု ထိုင်းမိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ဖော်ပြထားသည်။

ဒီဇင်ဘာ ၆ ရက်နေ့မှ ၁၁ ရက်နေ့တွင် အဆိုပါလေဖိအားမြင့်ရပ်ဝန်းသည် အင်အားအသင့်အတင့်ရှိလာ၍ အပူချိန် ၁ မှ ၂ ဒီဂရီစင်တီဂရိတ်မြင့်တက်လာစေပြီး နံနက်ခင်းတွင်မြူစိုင်းမည်ဖြစ်ပြီး ရာသီဉတုအေးမြသည့်အဆင့်မှချမ်းအေးသည့်အဆင့်ထိရှိမည်ဟု ခန့်မှန်းထားသည်။

ဒီဇင်ဘာ ၆ မှ ၈ ရက်နေ့တွင် အနိမ့်ဆုံးအပူချိန် ၁၂ မှ ၁၉ ဒီဂရီ စင်တီဂရိတ်အထိရှိမည်၊ အမြင့်ဆုံးအပူချိန်သည် ၂၆ မှ ၃၁ ဒီဂရီ စင်တီဂရိတ်ရှိမည်၊ တော်ပေါ်ဒေသတွင် ရာသီဉတုချမ်းအေးအဆင့်မှအလွန်ချမ်းအေးသည့်အဆင့်ထိရှိမည်၊ တချို့နေရာများတွင်နှင်းရည်အေးခဲမည်၊ အနိမ့်ဆုံးအပူချိန်၃ နှ ၁၂ ဒီဂရီစင်တီဂရိတ်ရှိမည်ဟု ခန့်မှန်းထားသည်။ ဒီဇင်ဘာ ၉ မှ ၁၁ ရက်နေ့တွင် အနိမ့်ဆုံးအပူချိန် ၁၄ မှ ၁၂ ဒီဂရီ စင်တီဂရိတ်ရှိမည်၊ အမြင့်ဆုံးအပူချိန် ၂၉ မှ ၃၃ ဒီဂရီ စင်တီဂရိတ်ရှိမည်၊ တောင်ပေါ်ဒေသတွင်ချမ်းအေးမှအလွန်ချမ်းအေးအဆင့်ရှိမည်၊အနိမ့်ဆုံးအပူချိန် ၆ မှ ၁၄ ဒီဂရီ စင်တီဂရိတ်ထိရှိမည်ဟု ဖော်ပြထားသည်။

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းဒေသတွင် ဒီဇင်ဘာ ၆ မှ ၈ ရက်နေ့အတွင်း အနိမ့်ဆုံးအပူချိန် ၁၀ မှ ၁၇ ဒီဂရီ စင်တီဂရိတ် ရှိမည်၊ အမြင့်ဆုံးအပူချိန် ၂၆ မှ ၃၀ ဒီဂရီစင်တီဂရိတ်ရှိမည်၊ တောင်ပေါ်ဒေသတွင် ရာသီဉတုချမ်းအေးအဆင့်မှအလွနချမ်းအေးအဆင့်ရှိမည်၊ အနိမ့်ဆုံးအပူချိန် ၆ မှ ၁၃ ဒီဂရီ စင်တီဂရိတ် ရှိမည်။ ဒီဇင်ဘာ ၉ မှ ၁၁ ရက်နေ့တွင် အနိမ့်ဆုံးအပူချိန် ၁၂ မှ ၁၈ ဒီဂရီ စင်တီဂရိတ်ရှိမည်၊ အမြင့်ဆုံးအပူချိန် ၂၉ မှ ၃၂ ဒီဂရီ စင်တီဂရိတ်ရှိမည်၊ တောင်ပေါ်ဒေသတွင် ရာသီဉတု ချမ်းအေးမှအလွန်ချမ်းအေးအဆင့်ရှိမည်၊ အနိမ့်ဆုံးအပူချိန်သည် ၇ မှ ၁၅ ဒီဂရီစင်တီဂရိတ်ရှိမည်ဟု ဖော်ပြထားသည်။

ထိုင်းနိုင်ငံအလယ်ပိုင်းဒေသတွင် ဒီဇင်ဘာ ၆ မှ ၈ ရက်နေ့အတွင်းရာသီဉတုအေးမြအဆင့်မှချမ်းအေး သည့်အဆင့်တွင်ရှိနိုင်ပြီး နံနက်ခင်းတွင်မြူစိုင်းမည်၊ အနိမ့်ဆုံးအပူချိန် ၁၅ မှ ၂၂ ဒီဂရီစင်တီဂရိတ်ရှိမည်၊အမြင့်ဆုံးအပူချိန် ၂၇ မှ ၃၁ ဒီဂရီစင်တီဂရိတ်ရှိမည်၊ ဒီဇင်ဘာ ၉ မှ ၁၁ ရက်နေ့အတွင်း အနိမ့်ဆုံးအပူချိန် ၁၈ မှ ၂၃ ဒီဂရီ စင်တီဂရိတ်ရှိမည်၊ အမြင့်ဆုံးအပူချိန် ၂၉ မှ ၃၃ ဒီဂရီစင်တီဂရိတ်ရှိမည်ဟု ခန့်မှန်းထားသည်။

 

 

ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသတွင် ဒီဇင်ဘာ ၆ မှ ၁၁ ရက်နေ့အတွင်းရာသီဉတုအေးမြပြီး နံနက်ခင်းတွင်မြူစိုင်းမည်၊ အနိမ့်ဆုံးအပူချိန် ၁၈ မှ ၂၄ ဒီဂရီ စင်တီဂရိတ်ရှိမည်၊ အမြင့်ဆုံးအပူချိန် ၂၆ မှ ၃၃ ဒီဂရီစင်တီဂရိတ်ရှိမည်။

 

ထိုင်းနိုင်ငံတောင်ပိုင်းအရှေ့ဘက်ဒေသတွင် နယ်မြေ ၂၀ မှ ၃၀ ရာခိုင်နှုန်းတွင်မိုးထစ်ချုံးနိုင်ပြီးဒေသအောက်ပိုင်းတစ်လျှောက်လုံးမိုးထစ်ချုံးမည်၊ အနိမ့်ဆုံးအပူချိန် ၁၉ မှ ၂၅ ဒီဂရီ စင်တီဂရိတ်ရှိမည်၊ အမြင့်ဆုံးအပူချိန် ၂၇ မှ ၃၂ ဒီဂရီ စင်တီဂရိတ်ရှိမည်၊ ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၁ မှ ၂ မီတာ ရှိမည်၊ မိုးထစ်ချုံးသည့်ဒေသတွင် ၂ မီတာအထိမြင့်မည်ဟု ဖော်ပြထားသည်။

 

ထိုင်းနိုင်ငံတောင်ပိုင်းအနောက်ဘက်ဒေသတွင် နယ်မြေအောက်ပိုင်းနှင့် နယ်မြေ၏ ၂၀ မှ ၃၀ ရာခိုင်းနှုန်းတွင် မိုးထစ်ချုံးမည်၊ အနိမ့်ဆုံးအပူချိန် ၂၁ မှ ၂၆ ဒီဂရီ စင်တီဂရိတ်ရှိမည်၊ အမြင့်ဆုံးအပူချိန် ၃၀ မှ ၃၃ ဒီဂရီ စင်တီဂရိတ်ရှိမည်၊ ပင်လယ်ပြင်တွင်လှိုင်းအမြင့် ၁ မီတာခန့်ရှိမည်၊ ကမ်းဝေးတွင် ၁ မှ ၂ မီတာမြင့်မည်ဟု ဖော်ပြထားသည်။

 

မြို့တော်ဗန်ကောက်တွင် ဒီဇင်ဘာ ၆ မှ ၁၁ ရက်အတွင်း နံနက်ခင်းတွင်ရာသီဉတုအေးမြမည်၊ အနိမ့်ဆုံးအပူချိန် ၁၉ မှ ၂၄ ဒီဂရီ စင်တီဂရိတ်ရှိမည်၊ အမြင့်ဆုံးအပူချိန် ၂၇ မှ ၃၃ ဒီဂရီ စင်တီဂရိတ်ရှိမည်ဟု ခန့်မှန်းထားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS