26 April 2024

————————————–

အောက်တိုဘာ ၂၂ ရက်၊ ၂၀၂၁

 

အောက်တိုဘာ ၁၆ ရက်၊ ည ၁၀ နာရီကျော် ထိုင်းနိုင်ငံပါထုန်ဌာနီရဲစခန်းထံ လူတစ်စုရန်ဖြစ်ကြပြီး ဓါးထိုးမှုပါဖြစ်ပွားနေတယ်လို့ သတင်းပေးပို့လာပါတယ်။ အခင်းဖြစ်တဲ့နေရာက အငှားတိုက်ခန်း ၄၇/၁ စွယ်ဘန်ခူဝပ်ကလန် မူ ၄ ဘန်ခူဝပ်ကျေးရွာအုပ်စု ပါထုန်ဌာနီမြို့ ပါထုန်ဌာနီခရိုင်ကဖြစ်ပါတယ်။

 

ထိုင်းရဲတွေအခင်းဖြစ်တဲ့နေရာကိုရောက်သွားတော့ ဒဏ်ရာနဲ့ အမည် YE WIN AUNG အသက် ၂၇ နှစ်မှာ ဝမ်းဗိုက်မှာ ဓါးဒဏ်ရာ ၂ ချက်နဲ့အထိုးခံလိုက်ရလို့ လဲနေတာကိုတွေ့ခဲ့ပါတယ်။

ထိုနောက် ရဲမင်းအောင် (မြန်မာ) ကို သူပြုတွေကအရေးပေါ်ကုသမှုပေးခဲ့ကာ ပါထုန်ဌာနီဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။

 

ပြစ်မှုကျူးလွန်သူကလဲ မြန်မာပါ၊ WIN NAING အသက် ၄၄ နှစ်ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့နေရာကနေ ထွက်ပြေးသွားပြီး၊ တိုက်ခန်းနံပါတ် ၂၃ မှာပုန်းနေတယ်လို့ ထိုင်းရဲတွေကသိတော့ သွားရောက်ကာ တံခါးခေါက် ဖမ်းဆီးခဲ့ပါတယ်။ ကျူးလွန်ခဲ့သည့် သက်သေခံပစ္စည်း ဓါးတစ်လက်နဲ့အတူ မောင်ဝင်းနိုင် ကိုရဲစခန်းမှာစစ်ဆေးဖို့ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

 

နိုင် Sornphet Sangphan အသက် ၃၃ (ထိုင်း) ကိုမေးကြည့်တော့

“YE WIN AUNG နဲ့ WIN NAING က အခန်းထဲမှာအရက်အတူထိုင်သောက်နေတာတွေ့ပါတယ်။ အဲဒီနောက်မှာ စတင် စကားများခဲ့ကြတယ်။ WIN NAING ကဓါးယူပြီး YE WIN AUNG ကို ၂ ချက်ထိုးလိုက်ပါတယ်။ ထိုးလဲပြီးတော့ WIN NAING ကထွက်ပြေးသွားတော့တာပါပဲလို့ ပြောပါတယ်။

 

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – ထိုင်ရတ်

SHARE THIS NEWS

OTHER NEWS