26 April 2024

ဘန်ကောက်အစိုးရက ပန်းရောင်ကဒ် စာရင်းတင်ပြီးသား ၃ နိုင်ငံရွှေ့ပြောင်းလုပ်သားတွေကို ပန်းရောင် ကဒ်ထုတ်ပေးဖို့ ဘန်ကောက်တွင်းက မြို့နယ်ရုံး ၅၀ ကို ဒီဇင်ဘာလ ၁ ရက်နေ့က ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။

 

လူသိပ်သည်းမှု လျှော့ချရန်အတွက်တော့ ပန်းရောင်ကဒ်ထုတ်လိုတဲ့သူတွေအနေနဲ့ မြို့နယ်ရုံး ဝဘ်ဆိုဒ်မှာ (http://nonthaiidbkk.bangkok.go.th/) အရင် တုံကင် ယူရမှာဖြစ်ပြီး တစ်နေ့ကို အယောက် ၃၀ သာပြုလုပ်ပေးမှာဖြစ်တယ် လို့သတ်မှတ်ထားပါတယ်။

 

ပန်းရောင်ကဒ်သွားရောက်ထုတ်လိုတဲ့ သူတွေအနေနဲ့ ကိုဗစ်စည်းကမ်းချက်နှင့် အညီ လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပြီး ကာကွယ်ဆေးထိုးထားပြီးတဲ့ အထောက်အထားရှိရင်လည်း ယူသွားရန်လိုတယ်လို့ ထုတ်ပြန်စာမှာ ရေးသားထားပါတယ်။

SHARE THIS NEWS

OTHER NEWS