2 May 2024

Pita ကို အမတ်နေရာမှဖယ်ရှားရန် ဖွဲ့စည်းပုံခုံရုံးထံ ထိုင်းရွေးကော် အဆိုပြု
.
ဇူလိုင် ၁၂ ရက်၊ ၂၀၂၃
.
မီဒီယာလုပ်ငန်းအစုရှယ်ယာပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး Pita ကို အမတ်နေရာမှဖယ်ရှားရန်နှင့် အမတ် တာဝန်ဆောင်ရွက်ခွင့်ကို ဆိုင်းငံ့ထားရန် ယနေ့ (၁၂-၇-၂၀၂၃) တွင် ထိုင်းရွေးကောက်ပွဲကော်မရှင်က ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးထံ အဆိုပြုလိုက်သည်ဟု ချင်းမိုင်နယူးစ်သတင်းဌာန က ဖော်ပြထား သည်။
.
ထိုင်းရှေ့သို့လှမ်းချီပါတီမှ ပါတီလစ်အမတ်တဦးဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်နေရာအဆိုပြုခံထားရသူ Pita က မီဒီယာလုပ်ငန်းတခုဖြစ်သော အိုင်တီဗီ အများပိုင်းကုမ္ပဏီ၏ အစုရှယ်ယာ ၄၂၀၀၀ ခုကို ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၈ (၃) နှင့် ပုဒ်မ ၁၀၁ (၆) အရ အမတ်နေရာမှကင်းလွတ် သွားခြင်း ရှိမရှိကို စီရင်ပေးရန်အတွက် ဖွဲ့စည်းပုံခုံရုံးထံ အဆိုပြုရန် ယနေ့တွင်ကျင်းပခဲ့သော ထိုင်းရွေး ကော်အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်။
.
ထို့ပြင် ဖွဲ့စည်းပုံခုံရုံးမှ စီရင်ချက်ချခြင်းမရှိသ၍ Pita အား အမတ်နေရာမှဆိုင်းငံ့ထားရန်ကိုလည်း အဆိုပြုထားသည်။
.
ထိုင်းရွေးကောက်ပွဲကော်မရှင်လက်အောက်ရှိ အမှုမှန်စစ်ဆေးဖော်ထုတ်ရေးကော်မတီ၏ စစ်ဆေးချက် ရလဒ်ကို ၃ ရက်ကြာ ကြားနာပြီးနောက် အဆိုပြုနိုင်မည့် အချက်အလက်နှင့်သက်သေအထောက်အထား ခိုင်လုံခြင်းကြောင့် အားချင်းအဆိုပြုရန် ဆုံးဖြတ်ခဲ့သည်ဟု သိရှိရသည်။

SHARE THIS NEWS

OTHER NEWS