10 May 2024

ထိုင်းနိုင်ငံတွင် ဒစ်ဂျစ်တယ်အစိုးရစီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရန်အတွက် မှတ်ပုံတင်နှင့်အိမ်ထောင်စုဇယားမိတ္တူတောင်းယူခြင်းကို ထိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တရားဝင်ပယ်ပျက်

လိုက်ပြီဟု ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့တွင် ထိုင်းတော်ဝင်ပြန်တမ်း ထုတ်ပြန်။

 

ထိုင်းအစိုးရ၏ Thailand 4.0 မဟာဗျုဟာစီမံကိန်းအစိတ်အပိုင်းတစ်ခုဖြစ်သည့် ဒစ်ဂျစ်တယ်အစိုးရတစ်ရပ်ပေါ်ပေါက်လာစေရေးအတွက် အများပြည်သူထံမှ မှတ်ပုံတင်နှင့်အိမ်ထောင်စုဇယားမိတ္တူတောင်းယူခြင်းကို ထိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တရားဝင်ပယ်ဖျက်လိုက်ပြီဟု ပြီခဲ့သည့် ဒီဇင်ဘာ ၆ ရက် နေ့တွင် ထိုင်းတော်ဝင်ပြန်တမ်းမှ ထုတ်ပြန်ခဲ့သည်။

 

ထိုသို့ ပယ်ဖျက်ရာတွင် ထိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအရေးပိုင်ကိစ္စရပ်များနှင့်ပတ်သက်ပြီးအစိုးရဌာနထံ လုပ်ငန်းစဉ်တစ်ခုခုလုပ်ဆောင်ရာတွင် မှတ်ပုံတင်နှင့်အိမ်ထောင်စုဇယားမိတ္တူတင်ပြရန်မလိုအပ်တော့ကြောင်း ဖော်ပြထားသည်။

မှတ်ပုံတင်နှင့်အိမ်ထောင်စုဇယားမိတ္တူလိုအပ်သည့်ကိစ္စရပ်များတွင် အစိုးရဝန်ထမ်းမှမိတ္တူကူးယူခြင်း ပြုရမည်ဖြစ်ပြီး မိတ္တူကူးခကောက်ခံခြင်းမပြုရဟု ဖော်ပြထားသည်။

 

တပါးသူကိုအာဏာလွှဲအပ်သည့်ကိစ္စရပ်များတွင် အာဏာလွှဲအပ်ခံရသူသည် အာဏာလွှဲအပ်ပေးသူမှမိတ္တူမှန်ကုန်ကြောင်းလက်မှတ်ထိုးထားသည့် ၎င်း၏မှတ်ပုံတင်မိတ္တူကို တင်ပြရမည်ဟု ဆက်လက်ဖော်ပြထားသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS