9 May 2024

သက်တမ်းကုန် MoUများကို နယ်စပ်မြို့ ၂ ခုတွင် One Stop Service စနစ်ဖြင့် ပြုလုပ်ပေးမည်
.
ဩဂုတ် ၂၈ ရက်၊ ၂၀၂၃
.
ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်သက်တမ်းကုန်နေသော်လည်း နိုင်ငံကူးလက်မှတ် ၂ နှစ်နှင့်အထက် ကျန်ရှိနေသူများ ကို မကြာမီတွင် MoU/ U-Turn စနစ်ဖြင့် မြဝတီမြို့နှင့် ကော့သောင်းမြို့များတွင် ဖွင့်လှစ်ပေးတော့မည်ဟု ဗန်ကောက်အခြေစိုက် မြန်မာသံရုံးက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
“ထိုင်းနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာလမတိုင်မီ MoU အစီအစဉ်ဖြင့် ရောက်ရှိနေသူများသည် ကိုဗစ်-၁၉ ကာလ လွန်မြောက်ချိန်၌ မြန်မာသံရုံး (ဗန်ကောက်)နှင့် ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်) တို့တွင် နိုင်ငံကူးလက် မှတ်များကို သက်တမ်းတိုးကာ ထိုင်းနိုင်ငံအတွင်း ဆက်လက်နေထိုင် အလုပ် လုပ်ကိုင်လျက်ရှိကြပါသည်” ဟု ဖော်ပြထား သည်။
.
ရက်တိုတိုအတွင်း ပြီးစီးနိုင်ရန်အတွက် အဆိုပါစခန်းများတွင် One Stop Service စနစ်ဖြင့် ပြုလုပ်ပေးမည်ဟု ဖော်ပြထားသည်။
.
“ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်သက်တမ်းကုန်နေသော်လည်း နိုင်ငံကူးလက်မှတ် ၂ နှစ်နှင့် အထက်ကျန်ရှိနေသူ များကို ယခုအခါ MoU/ U-Turn စနစ်ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက် အလုပ် လုပ်ကိုင်နိုင်ရန် အ တွက် ယခင်က ကဲ့သို့ ရန်ကုန်မြို့အထိ ပြန်သွားရန် မလိုအပ်ပါ၊ မြဝတီမြို့နှင့် ကော့သောင်းမြို့များသို့ ပြန်လည် ဝင်ရောက်စေပြီး One Stop Service စနစ်ဖြင့် ထိုင်းနိုင်ငံ လုပ်ငန်းခွင် အသီး သီးသို့ ရက်တိုတိုနှင့် ပြန်လည်ဝင် ရောက်နိုင်မည့် လုပ်ငန်းစဉ်ကို မကြာမီကာလ၌ ဆောင်ရွက်ပေးသွား မည်ဖြစ် သောကြောင့် လုပ်ငန်းခွင်၏ HR Manager များ၊ တာဝန်ရှိသူများသို့ အသိပေးထားကြရန် လိုအပ်ပါသည်” ဟု တိုက်တွန်းထားသည်။
.
ထို့နောက် “စတင်ဖွင့်လှစ်မည့်ရက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသေးစိတ်ကို ထပ်မံအသိပေးသွားမည်ဖြစ် ကြောင်း ဖော်ပြအပ်ပါသည်” ဟု ဆက်လက်ဖော်ပြထားသည်။
.
ပုံစာ : ကိုဗစ်-၁၉ ကူးစက်မှုကာလအတွင်း မြဝတီ-မဲဆောက်ဘက်မှ ဝင်ရောက်လာသော အမ်အိုယူ အလုပ်သမားများကို‌တွေ့ရစဉ်။
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ
.

SHARE THIS NEWS

OTHER NEWS