26 April 2024

အများပြည်သူအတွက် နှစ်သစ်ကူးလက်ဆောင်အဖြစ် ၈၀ ဘတ်တန်ထီလက်မှတ်များရောင်းချမည်၊ မြို့တော်ဗန်ကောက်နှင့်နွန်ထဘူရီခရိုင်တွင် လာမည့် ဇန်နဝါရီလ ၁၇ ရက်နေ့စတင်ရောင်းချမည်။

 

အများပြည်သူအတွက်နှစ်သစ်ကူးလက်ဆောင်အဖြစ် ၈၀ ဘတ်တန်ထီလက်မှတ်စီမံကိန်းကိုစတင်သွားမည်ဖြစ်ပြီး စီမံကိန်းပထမအပိုင်းတွင် လာမည့်ဇန်နဝါရီ ၁၇ ရက်နေ့၌ မြို့တော်ဗန်ကောက်နှင့်နွန်ထဘူရီခရိုင်များတွင်စတင်ရောင်းချသွားမည်ဖြစ်ကာ ၂၀၂၂ ခုနှစ် မေလမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ရောင်းချသွားမည်ဟု ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဓနကော် ဝမ်းဘွန်ချန ကဆိုသည်။

 

စီမံကိန်းပထမအပိုင်းအနေဖြင့် လာမည့်ဇန်နဝါရီလ ၁၇ ရက်နေ့တွင် မြို့တော်ဗန်ကောက်နှင့်နွန်ထဘူရီခရိုင်တွင် စုစုပေါင်း ၇၄ နေရာရောင်းချသွားမည်ဟု ဆိုသည်။

 

စီမံကိန်းဒုတိယအပိုင်းတွင် နိုင်ငံတဝန်းရောင်းချသွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်မေလတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့်ရောင်းချနိုင်မည်ဟု ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS