3 May 2024

,

Snow Drop Drama မှအွန်းယောင်းအခန်းဖော်ဖြစ်ပါဝင်သရုပ်ဆောင် ထားတဲ့ မင်းသမီး Kim Mi Soo  သည် ဇန်နဝါရီ ၅ရက်နေ့မှာ ရုတ်တရက် ကွယ်လွန်သွားပြီတဲ့အကြောင်းကို သူမရဲ့ အေဂျင်စီဖြစ်တဲ့ Landscape Entertainmentမှ တရားဝင်ထုတ်ပြန်ခဲ့ တာဖြစ်      ပါတယ်။

အေဂျင်စီကနေ “ဒါက မင်းသမီး Kim Mi Soo ရဲ့ အေဂျင်စီ Landscape Entertainment ပါ ဒီနေ့မှာ ကျွန်တော်တို့ ဝမ်းနည်းကြေကွဲစရာအကောင်းဆုံး သတင်းကို ပြောပြချင်ပါတယ် မင်းသမီး Kim Mi Soo ဟာ January 5 ရက်နေ့မှာ ကမ္ဘာကြီးကနေ ရုတ်တရက်ထွက်ခွါသွားခဲ့ပါပြီ ဒီသတင်းကို ရုတ်တရက်ကြားပြီးနောက်မှာ Kim Mi Soo ရဲ့ မိသားစုက အရမ်းကိုဝမ်းနည်းခဲ့ရပါတယ် ကျေးဇူးပြုပြီး မင်းသမီးနဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက်တွေ သို့ ကောလဟာလတွေကို ရှောင်ကြည်ပေးပါရန် မင်းသမီးရဲ့မိသားစုကနေ လေးစားစွာဖြင့်တောင်းဆိုထားပါတယ် ဈာပနာကို မိသားစုရဲ့ဆန္ဒအရ သီးသန့်ပြုလုပ်သွားမှာပါ သေဆုံးသွားတဲ့မင်းသမီးအတွက် ကျွန်တော်တို့ရဲ့ ဝမ်းနည်းပူဆွေးမှုတွေနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်” လို့ ထုတ်ပြန်ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

မင်းသမီး Kim Mi Soo ဟာ လက်ရှိတွင် JTBC ဒရာမာဇာတ်လမ်းတွဲ ‘Snowdrop’ တွင် ဇာတ်ကောင် Yeo Jung Min အဖြစ်ပါဝင်ထားကာ အခန်းဖော်အမျိုးသမီးဇာတ်ဆောင် Eun Young Ro (BLACKPINK’s Jisoo) နဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ အခုတော့ ‘Snowdrop’ ဇာတ်ကားဟာ သူမမကွယ်လွန်မီ ရိုက်ကူးခဲ့တဲ့ နောက်ဆုံးဇာတ်ကားအဖြစ် ကျန်ရှိနေခဲ့ပါပြီ။

SHARE THIS NEWS

OTHER NEWS