26 April 2024

,

စက်တင်ဘာ ၈-၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံရဲ့နေရာအနှံ့အပြားမှာ မိုးထစ်ချုန်းရွာမည်။ မိုးကြီးခြင်း၊ တောင်ရေကျခြင်းဖြစ်ပေါ်လာနိုင်တာကြောင့် မိုးလေဝသ သတင်းများမပြတ်လေ့လာရန် မိုးဇလဌာနကသတိပေး!!

ထိုင်းနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ဒီတစ်ပတ်အတွင်း ခန့်မှန်းချက်မှာ  စက်တင်ဘာ ၆-၇ ရက်နေ့မှစ၍ ထိုင်းနိုင်ငံရဲ့နေရာအနှံ့အပြားမှာ မိုးထစ်ချုန်းရွာမည်ဟုဖော်ပြထားပါတယ်။ အနောက်တောင်လေနဲ့ ကပ္ပလီပင်လယ်ပြင် မုတ်သုံလေ အားကောင်းရာမှ ထိုင်းနိုင်ငံတွင်းရှိ ခရိုင်များမှာ နေရာကွက်ကြား မိုးကြီးလိမ့်မည်ဟု သိရပါတယ်။ စက်တင်ဘာ ၈-၁၂ ရက်အထိမှာတော့ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းသေဒများမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပါတယ်။ ရွာရန်ရာနှုန်း ၇၀-၈၀ အထိရှိပါတယ်။ နေရာကွက်ကြား မိုးကြီးနိုင်သည်ဟု ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံအလယ်ပိုင်းဒေသတွေမှာတော့ ရွာရန်ရာနှုန်း ၆၀-၇၀ အထိရှိနိုင်ပြီး။ ကန်ကျနဘူရီခရိုင်နဲ့ စလဘူရီခရိုင်မှာတော့ ရာနှုန်းပြည့်မိုးရွာနိုင်ပါတယ်။ တောင်ပိုင်းဘက်မှာလဲ ရွာရန်ရာနှုန်း ၆၀-၇၀ အထိရှိနိုင်ပါတယ်။ မိုးရေကြောင့် တောင်ရေကျခြင်းရှိလာနိုင်တာမို့ သတ်ိပြုနေထိုင်ကြဖို့ လိုပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့မှစ၍ ဖီလစ်ပိုင်အရှေ့ပိုင်းတွင်ဖြစ်ပေါ်တဲ့ အပူပိုင်းဆိုင်ကလုန်းမုန်းတိုင်းကြောင့် ထိုင်းနိုင်ငံတွင်မိုးများလိမ့်မယ်လို့ ထိုင်းမိုးဇလ  www.tmd.go.th  ကဖော်ပြထားပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ  NNT News THAI/Post

SHARE THIS NEWS

OTHER NEWS