3 May 2024

ထိုင်းနိုင်ငံတောင်ပိုင်း၏ ယဉ်ကျေးမှုတစ်ခုဖြစ်သော “နိုရာ” အကကို ယူနက်စကို (UNESCO) က ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် သတ်မှတ်။

 

နိုင်ငံတကာဒြပ်မဲ့ယဉ်ကျေးမှုကော်မတီက အွန်လိုင်းမှတဆင့်ကျင်းပခဲ့သော ၁၆ ကြိမ်မြောက်ပုံမှန်အ စည်းအဝေးတွင် ထိုင်းနိုရာ (Nora) အကကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်လိုက်သည်ဟု ထိုင်းသတင်းများကဖော်ပြထားသည်။

 

 

နိုရာသည် ထိုင်းနိုင်ငံတောင်ပိုင်းရှိဒေသန္တရယဉ်ကျေးမှုတစ်ခုဖြစ်ပြီး ပါဠိ-သက္ကတဘာသာ “နရ” မှဆင်းသက်လာသည်ဟုဆိုသည်။ “လူသား” ဟုအဓိပ္ပာယ်ရပြီး မူလတွင်နတ်ဒေဝါများ၏ကဟန်ကိုအတုယူထားသည့်အကတစ်မျိုးဖြစ်သည်ဟု ဆိုသည်။

 

“ထိုင်းလူမျိုးများအတွက်ဂုဏ်ယူစရာဖြစ်ကြောင်း၊ ဒေသခံယဉ်ကျေးမှု၏အရေးပါပုံကိုထင်ဟစေကြောင်း၊ ဒေသခံများ၏အခန်းကဏ္ဍအရေးပါပုံကိုပြသနေကြောင်း၊ ထိုင်းနိုင်ငံတွင်ဗဟုယဉ်ကျေးမှုထွန်းကားသည်ကိုဖော်ပြနေကြောင်း” ထိုင်းအခြေစိုက်ပြင်သစ်သံရုံးကထုတ်ပြန်ထားသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS