26 April 2024

စက်တင်ဘာ ၂၃ ရက်နေ့ ၂၀၂၁

NUG ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မနှစ်သက်ကြောင်းနဲ့ လက်နက်မကိုင်ဘဲ ငြိမ်းချမ်းစွာဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းကြောင်း လူမှုကွန်ရက်ပေါ်မှာ သတင်းစာဖြတ်ပိုင်းပုံစံနဲ့ ပျံ့နှံ့နေတဲ့ကိစ္စပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းမရှိတဲ့အကြောင်း သူ့ရဲ့ ရှေ့နေကပြောကြားလိုက်ပါတယ်။

ဒါ့နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက “ လိုင်းပေါ်မှာလေ ဦးထွန်းထွန်းဦး(နေပြည်တော်)ဆိုပြီးတော့မှ ဘာတက်နေလည်းဆို အဲဒါလေးကို အမေကို ပြောဖြစ်တယ်။ အမေက အဲဒါက သူလည်းမပြောခဲ့ဘူးပေါ့၊ ကျမတို့(ရှေ့နေ)ကိုလည်း မပြောခဲ့ဘူးလေ။ ကျမတို့ထဲကလည်း ဘယ်သူမှ ပြောခဲ့တာမရှိဘူး။ CRPH တို့ NUG တို့ကို အမေက လက်မခံပါဘူးဆိုပြီးတော့မှာ တက်နေတာ။ သတင်းအနေနဲ့လည်း မဟုတ်ဘူး။ သတင်းစာဖြတ်ပိုင်းလေးပုံစံနဲ့။ နိုင်ငံခြားကနေတောင် လှမ်းမေးတယ် အဲဥစ္စာကို။ ရှေ့နေတွေကိုလည်း သူ မပြောခဲ့သလို ကျမတို့ရှေ့နေတွေကလည်း ဘယ်မီဒီယာကိုမှ မပြောခဲ့ဘူး။ ” လို့ ပြောပါတယ်။

.

Ref: DVB TV News ကိုချစ် ဇွဲကပင်မြေ ဒေါ်အောင်ဆန်းစုကြည်

SHARE THIS NEWS

OTHER NEWS