3 May 2024

မုန်ညင်းထုပ်ကားပေါ်လိုက်ပါလာသော တရားမဝင်မြန်မာ ၅၂ ဦး ဖမ်းဆီးခံရ
.
ဩဂုတ် ၄ ရက်၊ ၂၀၂၃
.
ယမန်နေ့ညက မဲဆောက်-တာ့ခ်လမ်းမပေါ်တွင် မုန်ညင်းထုပ်ကားပေါ်လိုက်ပါလာသော တရားမဝင် မြန်မာနိုင်ငံသား ၅၂ ဦး ဖမ်းဆီးခံရသည်ဟု မဲဆောက်အခြေဆိုက် အလွတ်တန်းထိုင်းသတင်းထောက် တဦးက ဖော်ပြထားသည်။
.
လွန်ခဲ့သည့်ညတွင် နခေါ်ပထုမ်လိုင်စင် ဟီးနိုးကုန်တင်ကားတစီးက မဲဆောက်မြို့နယ်၊ ဗျထဖားဒဲကျေး ရွာအုပ်စု၊ ဟွားဖိုင် ကျေးရွာအနီးရှိတောစပ်တနေရာတွင် တရားမဝင်မြန်မာနိုင်ငံသားများကို ကားပေါ် တင်ဆောင်လာသည်ဟု သတင်းရရှိပြီးနောက် လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့၊ အ ထွေထွေအုပ်ချုပ်ရေးတပ်ဖွဲ့ စသည့်အဖွဲ့စုံပူးပေါင်းတပ်ဖွဲ့က မဲဆောက်မြို့နယ်၊ မယ်ပကျေးရွာအုပ်စု၊ ဟွေ့ ဟင်းဖွန်းကျေးရွာစစ်ဆေးရေးဂိတ်တွင် အဆိုပါကုန်တင်ကားကို တားလိုက်ပြီး စစ်ဆေးခဲ့သည်ဟု ဖော်ပြထားသည်။
.
ထိုသို့စစ်ဆေးရာတွင် ယာဉ်မောင်းမှာ အသက် ၃၇ နှစ်ရှိ ထိုင်းနိုင်ငံသားတဦးဖြစ်သည်ဟု သိရှိရပြီး တာဝန်ရှိသူများက ကုန်တင်ကားပေါ်တက်၍ မုန်ညင်းထုပ်အိတ်များကိုစစ်ဆေးနေစဉ် အတွင်းမှချောင်း ဟန့်သံကြားရသောကြောင့် မုန်ညင်းထုပ်အိတ်များကိုဖယ်ရှားကြည့်ရာက မြန်မာနိုင်ငံသား ၅၂ ဦးကို တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။
.
ဖမ်းဆီးရမိသော တရားမဝင်မြန်မာ ၅၂ ဦးအနက် ၃၂ ဦးမှာ တရားမဝင် Boder Pass ကိုင်ဆောင်ထားပြီး ကျန် ၂၀ ဦးမှာ မည်သည့်အထောက်အထားမှကိုင်ဆောင်ထားခြင်းမရှိကြောင်း ဖော်ပြထားသည်။
.
ဖမ်းဆီးခံရသူများကို ကနဦးစစ်ဆေးရာတွင် တဦးလျှင် ပွဲစားခ ဘတ် ၂ သောင်းပေးခဲ့ရသည်ဟု ထွက်ဆိုကြသည်ဟု ဖော်ပြထားသည်။
.
မည်သို့ဆိုစေ မိမိခေါ်ဆောင်လာခြင်းမဟုတ်ဘဲ အငှားတင်ဆောင်လာခြင်းသာဖြစ်ပြီး အခေကြေး ဘတ် ၁ သောင်းသာ ရရှိသည်ဟု ယာဉ်မောင်းကထွက်ဆိုသော်လည်း အဆိုပါယာဉ်မောင်းမှာ ၎င်းတို့ကိုခေါ် ဆောင်လာသောပွဲစားဖြစ်သည်ဟု မြန်မာများက ထွက်ဆိုသည်။
.
ဖမ်းဆီးခံရသူအားလုံးကို ကိုဗစ်-၁၉ စစ်ဆေးပြီးနောက် ယာဉ်မောင်းကို တရားမဝင်နိုင်ငံခြားသား ပို့ဆောင်မှု၊ ခေါ်ဆောင်လာမှု၊ ဝှက်ထားမှု စသည့်ပုဒ်မများဖြင့် ဆွဲချက်တင်ထားပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် မဲဆောက်မြို့မရဲစခန်း စုံစမ်းစစ်ဆေးရေးအရာရှိထံအပ်နှံထားကာ မြန်မာနိုင်ငံသားများကိုမူ လုပ်ထုံးလုပ်နည်းအရ နေရပ်ပြန်ပို့သွားမည်ဟု ဖော်ပြထားသည်။
.
Photo: เอก แม่สอด
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS