26 April 2024

ဓာတ်ပုံ One31News

 

အောက်တိုဘာ ၁ ရက်၊ ၂၀၂၁

 

ယနေ့မနက်တွင် တာ့ခ်ခရိုင် မယ်ရမတ်မြို့နယ်၌ သောင်းရင်းမြစ်ကိုဖြတ်ကူးလာပြီးထိုင်းနိုင်ငံဘက်သို့တရားမဝင်ခိုးဝင်လာသည့်မြန်မာနိုင်ငံသား ၂၃ ဦးကိုဖမ်းဆီးရမိခဲ့ပြီး ၅ ဦးတွင်အဖျားကြီးနေသည်ဟုစစ်ဆေးတွေ့ရှိ။

 

မြန်မာနိုင်ငံသားတချို့ သောင်းရင်းမြစ်ကိုဖြတ်ကူးလာပြီး ထိုင်းနိုင်ငံဘက်သို့တရားမဝင် ခိုးဝင်လာသည်ဟုသတင်းရရှိပြီးနောက် နယ်မြေခံပူးပေါင်းအဖွဲ့စုံမှ သွားရောက်ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား ၂၃ ဦး ဖမ်းဆီးနိုင်ခဲ့ပြီး ပစ်ကပ်ကား ၂ စီးသိမ်းဆည်းနိုင်ခဲ့သည်ဟု Onenews သတင်းဌာနမှဖော်ပြထားသည်။

 

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၁၅ ဦးနှင့်ကလေး ၁ ဦးပါဝင်သည်ဟု ဆိုသည်။နယ်မြေကျွမ်းကျင်သည့်ထိုင်းယာဉ်မောင်းတစ်ဦးထွက်ပြေးလွတ်မြောက်သွားသည်ဟု ဖော်ပြထားသည်။

 

တဆက်တည်းတွင် ဖမ်းဆီးခံရသူများကို ဘန့်လဲတိုက်နယ်ဆေးရုံတွင် အဖျားတိုင်းကြည့်ရာ ၅ ဦး တွင်အဖျားကြီးနေသည်ကိုတွေ့ရ၍ ၎င်းတို့အားလုံးကို ကိုဗစ်-၁၉ ရှိမရှိထပ်မံစစ်ဆေးသွားမည်ဟု သိရသည်။

 

ထို့နောက် တရားဉပဒေအရအရေးယူဆောင်ရွက်နိုင်ရန်အတွက် မယ်ရမတ်နယ်မြေရဲစခန်းသို့ဆက်လက်ပို့ဆောင်သွားမည်ဟု ပူးပေါင်းအဖွဲ့စုံကဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS