26 April 2024

စက်တင်ဘာ ၆ ရက်၊ ၂၀၂၁

 

အသက်မပြည့်သေးသည့် လိင်လုပ်သားနှစ်ဦးကိုပို့ပေးပြီး အကျိုးဆောင်ခဖြတ်စားသည့် လိင်လုပ်သား ခေါင်းကို အယုဒ္ဓခရိုင်ရဲတပ်ဖွဲ့မှ

အသွင်ယူဖမ်းဆီး။

 

အသက် ၁၆ နှစ်အရွယ်ကလေးလိင်လုပ်သားနှစ်ဦးကိုပို့ပေးပြီး အကျိုးဆောင်ခဖြတ်စားသည့် လိင် လုပ်သားခေါင်းကို အယုဒ္ဓခရိုင်ရဲတပ်ဖွဲ့

မှ အသွင်ယူဖမ်းဆီးခဲ့သည်ဟု သိရသည်။

 

အဆိုပါလိင်လုပ်သားခေါင်းသည် မိန်းမလျာတစ်ဦးဖြစ်ပြီး မိမိကိုယ်တိုင်လိင်လုပ်သားအလုပ်ကိုလုပ်ကိုင်ခဲ့ဖူးကြောင်း၊ ယခုအခါ လိင်

လုပ်သားများကိုရှာဖွေပေးပြီး တစ်ဦးကို ဘတ် ၁,၀၀၀ ​ဈေးဖြင့်ဖောက်သည်ထံ ပို့ဆောင်ပေးကြောင်း၊ လုပ်သားများထံမှတစ်ဦးကို

အကျိုးဆောင်ခ ဘတ် ၅၀၀ ဖြတ်ယူကြောင်း ထွက်ဆိုသည်။

 

၎င်းသည် တွစ်တာတွင် “@gUfpzG1INYtVKCk” အကောင့်နာမည်ဖြင့် ညစ်ညမ်းဗီဒီယိုများတင်ပြီး ဖောက်သည်ရှာသည်ဟုသိရပြီး

၎င်း၏ Line Group ထဲကိုဝင်ရန် ဝင်ကြေး ၂၀၀ ဘတ်ကောက်ခံသည်ဟုရဲတပ်ဖွဲ့မှစုံစမ်းသိရှိရပြီးနောက် NGO အဖွဲ့အစည်းတစ်ခု

ဖြစ်သည့် (OUR RESCUE) နှင့်ပူးပေါင်းပြီးဖမ်းဆီးအရေးယူခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

SHARE THIS NEWS

OTHER NEWS