3 May 2024

တိုင်တန်ရေငုပ်သင်္ဘာပျက် ပြန်တွေ့
.
ဇွန် ၂၉ ရက်၊
.
တိုင်တန်ရေငုပ်သင်္ဘောအပျက်အစီးကို ကနေဒါနိုင်ငံရှာဖွေရေးအဖွဲ့က ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှာ တွေ့ရှိခဲ့ပြီး ပြန်ဆယ်ယူနေတယ်လို့ သိရပါတယ်။
.
တန်တန်ရေငုပ်သင်္ဘောပျက်ကို တိုင်တန်းနစ်သင်္ဘောပျက်နဲ့ ၄၈၈ မီတာအကွာအဝေးမှာရှိတဲ့ မြောက် အတ္တလန်တိတ်သမုဒ္ဒရာကြမ်းပြင်တစ်နေရာမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
.
Horizon Arctic သင်္ဘောပေါ်ကနေ အဝေးထိန်းစနစ်နဲ့ထိန်းချုပ်ထားတဲ့ ရေငုပ်စက်ရုပ်က တွေ့ရှိခဲ့တဲ့ တိုင်တန်ပျက်ကို ကနေဒါနိုင်ငံ နယူးဖောင်းလန်းပြည်နယ် စိန်ဂျွန်းမြို့ကို သယ်ဆောင်သွားခဲ့ပြီး ပျက်စီးသွားတဲ့အကြောင်းရင်းကို ဖော်ထုတ်နိုင်ဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေက လာရောက်စစ်ဆေး
သွယ်မယ်လို့ သိရပါတယ်။
.
ဒါ့အပြင် လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုလည်း တွေ့ရှိခဲ့တယ်လို့ အမေရိကန်ကမ်းရိုးတမ်းစောင့်ကြည့် ရေးတပ်က ထုတ်ပြန်ထားပါတယ်။
.
.
.
.
.
.
Photo : REUTERS/David Hiscock (ข่าวสารต่างประเทศ)
.

SHARE THIS NEWS

OTHER NEWS