4 May 2024

ဓာတ်ပုံ https://www.koreatimes.co.kr/www/biz/2020/01/367_282654.html

 

စက်တင်ဘာ ၂၈ ရက်၊ ၂၀၂၁

 

ပြီးခဲ့သည့်သတင်းပတ်တွင် ပစိဖိတ်ဖြတ်ကျော်မဟာမိတ်အဖွဲ့ (CPTPP) ထဲသို့တရုတ်ဝင်ရောက်ခဲ့ပြီးနောက် ထိုင်းအစိုးရဖိအားပေးခံရ။

 

ပြီးခဲ့သည့်သတင်းပတ်တွင် ပစိဖိတ်ဖြတ်ကျော်မဟာမိတ်အဖွဲ့ (CPTPP) ထဲသို့အာရှနဂါးကြီးဝင်ရောက်လာပြီးနောက် လွတ်လပ်စွာကုန်သွယ်ခွင့်ကိုတံခါးဖွင့်လိုက်သည့် ကမ္ဘာ့ကုန်သွယ်ရေးအခင်းအကျင်း၏အချို့အကွေ့တစ်ခုတွင် ထိုင်းနိုင်ငံ၏ရပ်တည်ချက်အပေါ် ပြည်တွင်းစီးပွားရေးအသိုင်းအဝိုင်းကစိုးရိမ်လာကြသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ (CPTPP) ထဲကိုဝင်ရောက်လာခြင်းသည် အမေရိကန်ကိုကျော်တက်လိုက်သည့် စီးပွားရေးစစ်ဆင်ရေးတစ်ရပ်ဖြစ်သည်ဟု ပညာရှင်များကသုံးသပ်သည်။

 

သမ္မတ ဂျိုး ဘိုင်ဒင် ဦးဆောင်နေသည့် ဝါရှင်တန်အစိုးရသည်လည်း ကိုဗစ်-၁၉ နွံနစ်နေ၍ (CPTPP) နှင့်ပတ်သက်ပြီးအရွေ့တစ်ခုကိုဆောင်ရွက်နိုင်ရန်ခက်ခဲနေသည်။

 

CPTPP ဟုလူသိများသော ပစိဖိတ်ဖြတ်ကျော်မဟာမိတ်အဖွဲ့သည် အမေရိကန်သမ္မတ အို ဘားမား လက်ထက်တွင် အမေရိကန်ပြည်ထောင်စုက အားသွန်ခွန်စိုက် ပါဝင်ခဲ့သည်။

သို့သော် ၂၀၁၇ ခုနှစ် သမ္မတ ဒေါ်နယ် ထရမ့်လက်ထက်တွင် CPTPP မှ အမေရိကန်နုတ်ထွက်ခဲ့သည်။

 

အဆိုပါအဖွဲ့တွင် ဩစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ မက္ကဆီကို၊ ပီရူး၊ချီလီ၊ ဂျပန်၊ ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူ နှင့် ဗီယက်နမ် တို့ပါဝင်နေပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံ ၄ နိုင်ငံပါဝင်နေသည်ကိုတွေ့ရသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS