3 May 2024

ဓာတ်ပုံ ဆမ်ဆောင်း

 

အောက်တိုဘာ ၁၈ ရက်၊ ၂၀၂၁

 

ကမ္ဘာ့အကောင်းဆုံးအလုပ်ရှင် ၁၀ ကုမ္ပဏီစာရင်းတွင် ဆမ်းဆောင်း အီလက်ထရစ်ကုမ္ပဏီက ထိပ်ဆုံးမှဦးဆောင်နေဟု စစ်တမ်းဖော်ပြ။

 

 

ကမ္ဘာ့နိုင်ငံပေါင်း ၅၈ နိုင်ငံရှိ အချိန်ပြည့်နှင့်အချိန်ပိုင်းဝန်ထမ်းစုစုပေါင်း ၁၅၀,၀၀၀ ဦးကိုစစ်တမ်းကောက်ယူပြီးနောက် ကမ္ဘာ့အကောင်းဆုံးအလုပ်ရှင် ၁၀ ကုမ္ပဏီစာရင်းကို ပြီးခဲ့သည့်အောက်တိုဘာ၁၄ ရက်နေ့က Forbes နှင့် Statista တို့ကပူးတွဲထုတ်ပြန်ခဲ့သည်ဟု 7HD NEWS သတင်းဌာနမှဖော်ပြထားသည်။

 

 

ကမ္ဘာ့အကောင်းဆုံးအလုပ်ရှင် ၁၀ ကုမ္ပဏီစာရင်းတွင် အမေရိကန်ကုမ္ပဏီ ၇ ခုအထိပါဝင်နေပြီး တောင်ကိုရီးယား ၁ ခု၊ တရုတ် ၁ ခုနှင့် ဂျာမနီ ၁ ခုပါဝင်သည်ဟု ဖော်ပြထားသည်။

 

အဆိုပါ ကုမ္ပဏီ ၁၀ ခုအနက် တောင်ကိုရီးယားအခြေစိုက် ဆမ်ဆောင်း အီလက်ထရစ်ကုမ္ပဏီ (Samsung Electronics) က ကမ္ဘာ့အကောင်းဆုံးအလုပ်ရှင်အဖြစ်ရပ်တည်နိုင်ခဲ့ပြီး

အမေရိကန်အခြေစိုက် IBM ကုမ္ပဏီ (အီလက်ထရောနစ်၊ လျှပ်စစ်အင်ဂျင်နီယားရင်း၊ နည်းပညာ၊ဟတ်ဝဲယားနှင့်အပိုပစ္စည်း)

အမေရိကန်အခြေစိုက် Microsoft ကုမ္ပဏီ (အိုင်တီ၊ အင်တာနက်၊ ဆော့ဖ်ဝဲယား၊ ဝန်ဆောင်မှု)

အမေရိကန်အခြေစိုက် Amazon ကုမ္ပဏီ (အိုင်တီ၊ အင်တာနက်၊ ဆော့ဖ်ဝဲယား၊ ဝန်ဆောင်မှု)

အမေရိကန်အခြေစိုက် Apple ကုမ္ပဏီ (အီလက်ထရောနစ်၊ လျှပ်စစ်အင်ဂျင်နီယားရင်း၊ နည်းပညာ၊ ဟတ်ဝဲယားနှင့်အပိုပစ္စည်း)

အမေရိကန်အခြေစိုက် Alphabet ကုမ္ပဏီ (အိုင်တီ၊ အင်တာနက်၊ ဆော့ဖ်ဝဲယား၊ ဝန်ဆောင်မှု)

အမေရိကန်အခြေစိုက် Dell Technologies ကုမ္ပဏီ (အီလက်ထရောနစ်၊ လျှပ်စစ်အင်ဂျင်နီယားရင်း၊ နည်းပညာ၊ ဟတ်ဝဲယားနှင့်အပိုပစ္စည်း)

တရုတ်အခြေစိုက် Huawei ကုမ္ပဏီ (ဆက်သွယ်ရေးဝန်ဆောင်မှု၊ ကေဘယ်ကြိုးထုတ်လုပ်ရေး)

အမေရိကန်အခြေစိုက် Adobe ကုမ္ပဏီ (အိုင်တီ၊ အင်တာနက်၊ ဆော့ဖ်ဝဲယား၊ ဝန်ဆောင်မှု)

ဂျာမနီအခြေစိုက် BMW Group ကုမ္ပဏီ (မော်တော်ယာဉ်နှင့်supplier) တို့က အစဉ်လိုက် ရပ်တည်နေသည်ဟု ထုတ်ပြန်ထားသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS