9 May 2024

,

ထိုင်းရောက်မွန်အမျိုးသမီးတဦး ဘတ် ၆ သန်း ကံထူး
.
ဩဂုတ် ၁၉ ရက်၊ ၂၀၂၃
.
ပြီးခဲ့သော ဩဂုတ် ၁၆ ရက်နေ့ (၂၀၂၃) က ထိုင်းအစိုးရထီဆု ကြေညာပြီးနောက်တွင် ထိုင်းရောက် မွန်အမျိုးသ မီးတဦးက ပထမဆု ဘတ် ၆ သန်း ထီကံထူးခဲ့သည်ဟု Ye Min လူမှုကွန်ရက်အကောင့်မှ ယမန်နေ့တွင် ဖော်ပြ ထားသည်။
.
ထီဆုထုတ်ယူရန်အတွက် ထီကံထူးရှင်က ကိုရဲမင်းဦးဆောင်သော MHAC အဖွဲ့ထံ အကူအညီတောင်းခံလာခြင်း ကြောင့် အဖွဲ့သားများက လိုက်ပါကူညီပေးခဲ့သည်ဟု ဖော်ပြထားသည်။
.
“မြန်မာလုပ်သားဇနီးမောင်နှံ ထိုင်းအစိုးရထီ အမြင့်ဆုံးပထမဆု ဘတ်(6)သန်းဆုကြီး ဆွတ်ခူး ကိုရဲမင်း ဦးဆောင် သော MHAC အဖွဲ့ထံ ထီဆုငွေ ထုတ်ယူပေးပါရန် အကူအညီတောင်းခံလာသည်” ဟု ဖော်ပြထားသည်။
.
ထို့နောက် နွန်ထဘူရီခရိုင်ရှိ ထိုင်းအစိုးရထီရုံးသို့သွားရောက်ပြီး ထီဆုငွေ ဘတ် ၆ သန်းကို လုံခြုံစွာဖြင့် နေ့ချင်းပြီး ထုတ်ယူပေးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
.
“ထိုင်းအစိုးရထီဆုငွေထုတ်ပေးရေးဌာနတွင် ထိုင်းဘတ်ငွေသိန်း(60) အား နေ့ချင်းပြီး ရရှိစေရန် ယနေ့မှာ စိတ်ချ လုံခြုံစွာ ထုတ်ယူပေးနိုင်ခဲ့ပါပြီ” ဟု ဖော်ပြထားသည်။
.
ထို့ပြင် ဗန်ကောက်မြို့ရှိ စားသောက်ဆိုင်တခုတွင် အလုပ်လုပ်ကိုင်နေသော မွန်ပြည်နယ်ဇာတိ မွန်တိုင်းရင်းသား ဇနီး မောင်နှံ ထီကံထူးရှင်သည် ထိုင်းနိုင်ငံသို့ရောက်ရှိနေသည်မှာ ၂၅ နှစ်ကျော်ပြီဖြစ်ကြောင်းနှင့် ထီကံထူးသော်လည်း မိခင်နိုင်ငံသို့ပြန်ရမည်ကို ကြောက်ရွံ့၍ ထိုင်းတွင် ဆက်လက်နေထိုင်သွားမည်ဟု ဖော်ပြထားသည်။
.
Photo: Ye Min/MHAC
.

SHARE THIS NEWS

OTHER NEWS