28 April 2024

,

ဩဂုတ် ၂၇ ရက်၊ ၂၀၂၁

ထိုင်းကိုဗစ်ဗဟိုဌာနမှလော့ခ်ဒေါင်းဖြေလျှော့ စားသောက်ဆိုင် ၅၀ ရာခိုင်နှုန်းထိုင်စားခွင့်ပြု၊ ကုန်တိုက်၊ အလှပြင်ဆိုင်၊ ခြေဖဝါးနှိပ်ခန်း၊

ပန်းခြံ ပြန်လည်ဖွင့်လှစ်ခွင့်ပြု၊ ညမထွက်ရအမိန့်ကာဖြူးအချိန် ည ၉ နာရီ မှ နံနက် ၄ နာရီသတ်မှတ်၊ အနီရင့်ရောင် ၂၉ ခရိုင်အပြောင်း

အလဲမရှိ၊ Univerasal Preventionစီမံချက်ကျင့်သုံး။

ယနေ့မနက် ၉ နာရီအချိန်တွင် ထိုင်းဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး (အငြိမ်းစား) ပရာယွတ် ကျန်အိုချာ ဦးဆောင်ပြီး

ဝန်ကြီးချုပ်ရုံး၊ ဒုတိယအထပ်ရှိ PMOC ခန်းမတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုအခြေအနေစီမံအုပ်ချုပ်ရေးကောက်မတီ၏ ၁၃/၂၅၆၄ ကြိမ်

မြောက် ပုံမှန်အစည်းအဝေးတစ်ရပ်ကိုဗီဒီယိုကွန်းဖရင့်ဖြင့်ကျင်းပခဲ့ပြီး ကိုဗစ်ကော်မတီခွဲမှအဆိုပြုလာသည့်ခေါင်းစဉ်တစ်ခုချင်းစီကို

ဆွေးနွေးအတည်ပြုခဲ့သည်ဟု သိရသည်။

လော့ခ်ဒေါင်းဖြေလျှော့ရန် အမြင့်ဆုံးထိန်းချုပ်ဇုန်နှင့်ထိပ်သီး (အနီရင့်ရောင်) ထိန်းချုပ်ဇုန်းများတွင် ညမထွက်ရကာဖြူးအမိန့်လျှော့ချရန်

သဘောတူခဲ့သည်ဟု အစီရင်ခံထားသည်။

လေအေးပေးစက်တပ်ဆင်ထားသော/ဖွင့်ထားသောဆိုင်များတွင် ထိုင်ခုံ ၅၀ ရာခိုင်နှုန်းဆိုင်ထိုင်စားခွင့်ပြုသည်ဟု ဖော်ပြထားသည်။

လေအေးပေးစက်တပ်ဆင်ထားခြင်းမရှိသော/မဖွင့်ထားသောဆိုင်များတွင် ထိုင်ခုံ ၇၅ ရာခိုင်နှုန်းဆိုင်ထိုင်စားခွင့်ပြုသည်။ သို့သော်

ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားသည့်ပြည်သူများကိုသာ ဆိုင်ထိုင်းစားခွင့်ပေးရမည်ဟု ဆိုသည်။ တဆက်တည်းတွင် ပြည်သူအများစု

မှာကာကွယ်ဆေးထိုးနှံထားခြင်းမရှိသေးတာကြောင့် ဗဟိုကော်မတီ၏သဘောထားမှတ်ချက်ကိုရယူရန်ဖော်ပြထားသည်။

တချိန်တည်းတွင် ကုန်တိုက်များ၊ ဈေးဝယ်စင်တာများ၊ ကွန်မြူနီတီမောလ်များ၊ ကုန်တိုက်နှင့်သဘောတရားဆင်တူသောလုပ်ငန်းများ၊

စတိုးဆိုင်များကို ပုံမှန်ဖွင့်လှစ်ခွင့်ပြုလိုက်ပြီး ည ၈ နာရီအထိဖွင့်လှစ်ရောင်းချနိုင်သည်။ သို့သော် ဝန်ထမ်းများသည် ကာကွယ်ဆေး ၂ ကြိမ်

ထိုးနှံထားရမည်ဖြစ်ပြီး ATK ဖြင့်ပုံမှန်ပိုးစစ်ရမည်ဟု ဖော်ပြထားသည်။ ဈေးဝယ်လာသူများကိုလည်း တင်းကျပ်သည့်အစီအမံချထားရမည်

ဟု ဆိုသည်။

တဆက်တည်းတွင် အလှပြင်ဆိုင်များ၊ ဆံပင်ညပ်ဆိုင်များ၊ အနှိပ်ခန်းများကို ပုံမှန်ဖွင့်လှစ်ခွင့်ပြုလိုက်ပြီးချွင်းချက်အနေဖြင့် ခြေဖဝါးသာနှိပ်

ခွင့်ပြုသည်။ ဂျင်နှင့်ကျောင်းဝင်းအတွင်းရှိအားကစားကွင်းနှင့်အားကစားရုံများမှလွဲ၍ အများပြည်သူပန်းခြံများ၊ အားကစားကွင်းများ၊ အား

ကစားရုံများ၊ လေဟာပြင်လေ့ကျင့်ခန်းကွင်းများကို ပုံမှန်ဖွင့်လှစ်နိုင်သည်ဟု ဖော်ပြထားသည်။ ကျောင်းဝင်းအတွင်းရှိအားကစားကွင်းနှင့်

အားကစားရုံများကိုကျောင်းကော်မတီ၏သဘောထားမှတ်ချက်ရယူ၍ဖွင့်လှစ်နိုင်သည်ဟု ဆိုသည်။

ထို့ပြင် အမြင့်ဆုံးထိန်းချုပ်ဇုန်နှင့်ထိပ်သီးထိန်းချုပ်ဇုန် (အနီရင့်ရောင်)  ၂၉ ခရိုင်ကိုပြောင်းလဲခြင်းမရှိဘဲ တစ်ကိုယ်ရေရောဂါကာကွယ်ရေး

စီမံချက်Univerasal Prevention ကျင့်သုံးစေသည်။ အလားတူ ၅ ဦးထက်ပို၍လူမစုရအစား ၂၅ ဦးအထိလူစုခွင့်ပြုလိုက်သည်။ အများပြည်သူ

သယ်ယူပို့ဆောင်ရေးလိုင်းကားများကိုလည်းပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ပြီး ထိုင်ခုံ ၇၅ ရာခိုင်နှုန်းအထိခရီးသည်တင်ဆောင်ခွင့်ပြုသည်။သို့သော်

ယာဉ်မောင်းများသည် ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားရမည်။ တချိန်တည်းတွင် လေယာဉ်ဖြင့်ခရီးသွားခွင့်ပြုမည်ဖြစ်ပြီး ခရီးသည်သည်

အနည်ဆုံးကာကွယ်ဆေး ၁ ကြိမ်ထိုးနှံထားရမည် သို့မဟုတ် ပိုးစစ်အဖြေပါပြရမည်ဟု ဖော်ပြထားသည်။

ထို့နောက် အများပြည်သူကို ခရိုင်ဖြတ်ကျော်ခရီးသွားလာခွင့်ပြုမည်ဖြစ်သော်လည်း လိုအပ်သည့်သူများကိုသာခွင့်ပြုမည်ဟု ဆိုသည်။

အများပြည်သူကို မလိုအပ်ဘဲ ခရိုင်ဖြတ်ကျော်ခရီးသွားလာခြင်းမပြုရန် ပန်ကြားထားသည်။ တဆက်တည်းတွင် ညမထွက်ရကာဖြူးအချိန်ကို

ည ၁၀ နာရီမှနံနက် ၄ နာရီသတ်မှတ်လိုက်သည်ဟု ဖော်ပြထားသည်။

အဆိုပါ လော့ဒေါင်းဖြေလျှော့မှုအစီအမံများသည် လာမည့် စက်တင်ဘာလ ၁ ရက်နေ့ (၂၀၂၁) တွင်စတင်အကျုံးဝင်စေသည်ဟု သိရသည်။

SHARE THIS NEWS

OTHER NEWS