2 May 2024

ယခင်က ဆေးဘက်ဆိုင်ဝန်ထမ်းများ ရှေ့တန်းကျန်းမာရေးဝန်ထမ်းများနှင့်ရောဂါဖြစ်နိုင်ခြေမြင့်မားသည့်အုပ်များကိုသာ ထိုးနှံခွင့်ပြုထားသော ၄ ချောင်းမြောက်အားဖြည့်ကာကွယ်ဆေးကို လာမည့် ဖေဖော်ဝါရီလတွင် ခရီးသွားရှေ့ပြေး ၁၀ ခရိုင်နှင့်ရောဂါကူးစက်မှုမြင့်မားသောခရိုင်များရှိ ပြည်သူများကိုစတင်ထိုးနှံပေးရန် ထိုင်းကိုဗစ်-၁၉ ကူးစက်မှုအခြေအနေစီမံအုပ်ချုပ်ရေးဗဟိုဌာန (CCSA) အတည်ပြုလိုက်ပြီဟု ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ရောဂါထိန်းချုပ်ရေးဦးစီးဌာနကဖော်ပြထားသည်။

တဆက်တည်းတွင် ၃ ချောင်းမြောက်အားဖြည့်ကာကွယ်ဆေးထိုးနှံပြီး ၃ လကျော်လာသည့်သူများကို ဖော်မြူလာ ၂ ခုဖြင့် ၄ ချောင်းမြောက်အားဖြည့်ကာကွယ်ဆေးထိုးနှံပေးမည်ဟု ဆိုသည်။

၁ ချောင်းနှင့် ၂ ချောင်းမြောက်ကာကွယ်ဆေးကို စိုင်းနိုဗက်ထိုးနှံထားပြီး ၃ ချောင်းမြောက်ကို အက်စထရာဇေနေဂါထိုးနှံထားသူများအား ၄ ချောင်းမြောက်တွင် အက်စထရာဇေနေဂါထိုးနှံပေးမည်ဟု သိရပြီး အက်စထရာဇေနေဂါ+အက်စထရာဇေနေဂါ+ဖိုက်ဇာ ထိုးနှံထားသူများကို ဖိုက်ဇာထိုးနှံပေးမည်ဟု ဆိုသည်။

ဖူကက်၊ စူရတ်ဌာနီ၊ ကရာဘီ၊ ဖန်ငါ စသည့် နိုင်ငံခြားသားဝင်ရောက်ခွင့်ပြုထားသည့် ခရီးသွား ရှေ့ပြေး ခရိုင် ၄ ခုနှင့် မြို့တော်ဗန်ကောက်၊ ချွန်ဘူရီ၊ စမွတ်ပရာကန်၊ နွန်ထဘူရီ၊ ကန်ကျနဘူရီ၊ ပထုမ်ဌာနီ စသည့် ခရီးသွားရှေ့ပြေးခရိုင်သို့မဟုတ် ရောဂါကူးစက်မှုရှိသောခရိုင်များရှိ ပြည်သူ ၂.၅ သန်းဦး ကို ပစ်မှတ်ထား ထိုးနှံပေးမည်ဟု ဆိုသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS