1 May 2024

,

တစ်ခါရံအိပ်ယာကနိုးထလာတာနှင့် ပုံမှန်ထက်ဆိုးတဲ့ ခံတွင်းနံ့နှင့် ကြုံတွေ့နိုင်ပါတယ်။ အကြောင်းအရင်းက အိပ်နေရင်း သွားရေယိုတဲ့အခါ ပါးစပ်အနားတစ်ဝိုက်ပေကျန်သွားတဲ့ တံတွေးတွေကြောင့် အနံ့အသက်ဆိုးရွားရခြင်းဖြစ်ပါတယ်။

အပေါ်မှာပြောထားတဲ့အတိုင်းမဟုတ်ဘဲ နေ့စဉ်ခံတွင်းနံ့ဆိုးနေရင်တော့ သွားကြားထဲမှာ ကပ်နေတဲ့ ချေးတွေကတစ်ဆင့် သို့မဟုတ် ဝမ်းချုပ်ရာက ခံတွင်းအနံ့အသက်ဆိုးရွားရခြင်းဖြစ်နိုင်ပါတယ်။

ဆေးလိပ်ကိုစွဲစွဲမြဲမြဲသောက်ခြင်း၊ အရက်ကိုစွဲစွဲမြဲမြဲသောက်တဲ့သူတွေက သာမန်လူတွေထက် ပိုးပြီး ခံတွင်းနံ့ဆိုးရွား စေပါတယ်။

ခံတွင်းအနံ့ဆိုးနေရင်ဘယ်လိုလုပ်မလဲ 

– ခံတွင်းကိုအမြဲစိုနေအောင်လုပ်ရပါမယ် ရေများများသောက်ပါ။ ခံတွင်းခြောက်သွေ့တဲ့အခါ ဘက်တီးရီးယား ကိန်းအောင်းမှုဟာသာမန်ထက် အဆပေါင်းများစွာများလာနိုင်တာကြောင့် ခံတွင်းအနံ့ပိုဆိုးစေပါတယ်။

– ရေများများသောက်ပါမကြာခဏပလုပ်ကျင်းပါ

– ဘက်တီးရီးယားတိမ်းအောင်းမှုကိုလျော့ချရန် အစာအစားပြီးတိုင်းသွားတိုက်ပါ။

– သွားကြားတွေမှာကျန်ရှိတဲ့အစာစတွေကို အမြဲသန့်စင်ပါ။

– သွားတိုက်ဖို့အချိန်မရပါက ပလုပ်ကျင်းဆေးရည်ဖြင့်ပလုပ်ကျင်းပေးပါ

– သကြားမပါတဲ့ပီကေဝါးပါ

– အစာစားပြီးတရုတ်နံနံသို့မဟုတ် ကွမ်းရိုးဝါးပါ

– အရမ်းအနံ့ပြင်းတဲ့အစားအစာတွေရှောင်ပါ – ကြက်သွန်ဖြူ/နီ ငရုတ်ကောင်း / ထောပတ်

– ကော်ဖီနှင့် အခြားအနံ့ပြင်းသောအရည်များသောက်ခြင်းရှောင်ပါ

– အစာအဟာရဓာတ် ၅ မျိုးပြည့်စုံအောင်စားပါ

– ဆေးလိပ်ဖြတ်ပါ

– မကြာခဏကျန်းမာရေးစစ်ဆေးပါ

ခံတွင်းနံ့ဆိုးရွားခြင်းကလူတိုင်းမှာဖြစ်စေနိုင်ပါတယ်။ ခံတွင်းနံ့ဆိုးခြင်းပြဿနာကို အပေါ်မှာတင်ဆက်ထားတဲ့အတိုင်း အလွယ်နည်းလေးတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။

SHARE THIS NEWS

OTHER NEWS