26 April 2024

ရုရှား Mi-8 ရဟတ်ယာဉ်မှူးတဦး ယူကရိန်းသို့ဘက်ပြောင်း
.
ဩဂုတ် ၂၆ ရက်၊ ၂၀၂၃
.
လွန်ခဲ့သော ဩဂုတ်လ ၂၃ ရက်နေ့ (၂၀၂၃) က ရုရှား Mi-8 ရဟတ်ယာဉ်မှူးတဦး ရဟတ်ယာဉ်နှင့်အတူ ယူကရိန်းဘက်သို့ ဘက်ပြောင်းလာသည်ဟု သိရသည်။
.
ရဟတ်ယာဉ်ပေါ်လိုက်ပါလာတပ်သားကို အသိပေးခြင်းမရှိဘဲ ဘက်ပြောင်းလာခြင်းဖြစ်သည်။
.
ရုရှာစစ်သားများ ဘက်ပြောင်းလာရန် လွန်ခဲ့သော ၆ လ ကတည်းက ယူကရိန်းဘက်မှ စည်းရုံးမှုစတင်ခဲ့ပြီး လက်နက်နှင့်တကွ ဘက်ပြောင်းလာသူကို မက်မောလောက်ဖွယ်ဆုငွေချီးမြှင့်မည်ဖြစ်ကြောင်းနှင့် ရဟတ်ယာဉ် နှင့်အတူဘက်ပြောင်းလာသူကို ဒေါ်လာ ၅ သိန်း (ဘတ် ၁၇ သန်းခွဲ) အထိ ဆုငွေချီးမြှင့်မည့်အပြင် မိသားစု လုံခြုံရေးကိုပါ တာဝန်ယူသည်ဟု စည်းရုံးခဲ့သည်။
.
ဘက်ပြောင်းလာသော ရဟတ်ယာဉ်မှူးမှာ ယူကရိန်းဘက်သို့ကြိုတင်ဆက်သွယ်ထားခဲ့ပြီး သူ၏မိသားစုကို ယူကရိန်းဘက်သို့ ကြိုတင်ပို့ဆောင်ထားပြီ ဖြစ်သည်။
.
ရဟတ်ယာဉ်ပေါ်လိုက်ပါလာသော ရုရှားစစ်သားတဦးမှာ ဘက်ပြောင်းရန်ငြင်းဆန်၍ ယူကရိန်းက ရှင်းလိုက် သည်ဟု သိရသည်။
.

SHARE THIS NEWS

OTHER NEWS