10 May 2024

ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုကို အခွင့်ကောင်းယူ၍ ပွဲစားများပြောင်ပြောင်တင်းတင်း လူကုန်ကူးနေသည်ဟု MOEAF ထုတ်ပြန်။ ထိုင်းကိုလေယာဉ်ဖြင့်သွားရောက်လုပ်ကိုင်ရန် သိန်း ၂၀ အလိမ်ခံရဟု နစ်နာသူ ဆို။

ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် ပြည်တွင်းအလုပ်အကိုင်များခက်ခဲလျက်ရှိပြီး ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းများလည်း အလွန်အမင်းထိခိုက်နေ၍ ထိုင်း နှင့် မလေးရှားသို့လုပ်သားတင်ပို့ခြင်းလုပ်ငန်းများကို ရပ်ဆိုင်းထားကြသည်ဟု ဖော်ပြထားသည်။

ယင်းအခြေအနေကိုအခွင့်ကောင်းယူပြီး လူကုန်ကူးပွဲစားများသည်​တောရွာများရှိ လူငယ်လူရွယ်များအား ထိုင်းနိုင်ငံသို့တရားဝင် ပို့​ပေးမည်ဆိုလျှက်​လူစု​ဆောင်းမှုများ၊ငွေကြေး​ကောက်ခံမှုများ၊ တရားမဝင် နယ်စပ်ဖြတ်​ကျော်မှုများကို​ပြောင်​ပြောင်တင်းတင်း ကျူးလွန်လျက်ရှိ​သည်ဟု ဆိုသည်။

မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်​ရေး နှိမ်နင်း​ရေး ရဲတပ်ဖွဲ့သည် ဇန်နဝါရီလ ၁၆ရက်​နေ့တွင်လည်း​ကောင်း၊ ဇန်နဝါရီ ၁၈ရက်​နေ့တွင်လည်း​ကောင်း ထိုင်းနိုင်ငံသို့တရားမဝင်ပို့​ဆောင်ခြင်း ခံရမည့် လုပ်သားစုစု​ပေါင်း၂၀၀​ကျော်အား ကယ်တင်တားဆီးနိုင်ခဲ့ပြီး ပွဲစားများအား လိုက်လံဖမ်းဆီး လျက်ရှိ​သည်ဟု ဖော်ပြထားသည်။

၁၆ရက်​နေ့ဖြစ်စဥ်မှာ​ရွှေတိဂုံ​စေတီ​တော်အ​ရှေ့ဖက်မုဒ် ဘုန်းတော်ကြီး​ကျောင်းတခုတွင် ပွဲစား၃ဦးမှစု​ဆောင်းထား​သော ​ယောကျ်ား၊မိန်းမ ၁၆၀​ကျော်ကိုလည်း​ကောင်း၊ ၁၈ရက်​နေ့ဖြစ်စဥ်တွင် ရန်ကုန်မြို့ ​၊ဒဂုံမြို့သစ်​မြောက်ပိုင်းမြို့နယ်၊ ၄၃ရပ်ကွက်၊မင်းရဲ​ကျော်စွာလမ်းမှ အ​ဆောင်တခုတွင် ပွဲစားများမှစု​ဆောင်းထား​သော​ယောကျာ်း၊မိန်းမ ၅၁ဦးတို့ကိုလည်း​ကောင်း တားဆီး​ပေးနိုင်ခဲ့ပြီး ပွဲစားများ သိမ်း ဆည်းထား​သော နိုင်ငံကူးလက်မှတ်များနှင့် ​ငွေ​ကြေးများပြန်လည်ရရှိ​စေရန် ​ဆောင်ရွက်​ပေးလျက် ရှိသည်ဟု ရေးသားထားသည်။

ဖြစ်စဥ် ၂ ခုစလုံးမှ ပွဲစားများကို ဖမ်းဆီးရမိမှု မရှိ​သေး​ကြောင်းသိရှိရသည်။

“ကျွန်​တော်တို့က ဖြူးမြို့ကပါ။ ပွဲစားက တရားဝင်လမ်း​ကြောင်းက ပို့​ပေးမယ် ​ပြောလို့လိုက်လာတာပါ။။ passport စာအုပ်ဘိုး ၁သိန်း၇​သောင်းအရင်​ပေးခဲ့ရတယ်။ ​မ​​နေ့ကမှ ၁၈သိန်းသွင်းခဲ့တာပါ။ ထိုင်းနိုင်ငံက အီလက်ထ​ရောနစ်စက်ရုံမှာ အလုပ်ရမယ်။ တ​နေ့ဘတ်၃၃၀ရမယ်။ရန်ကုန်မှာ စာချုပ်ချုပ်မယ်။ ခု​လော​လောဆယ် OWICကဒ်လုပ်ဘို့ ဒီအ​ဆောင်မှာ​စောင့်ပါဆိုလို့ ​စောင့်​နေတာပါ။ ရန်ကုန်​ရောက်တာ ၁၀ရက်​ကျော်ကြာပါပြီ။ ၁၈သိန်းလည်း သွင်းပြီးပါပြီ။”ဟု​မြောက်ဒဂုံဖြစ်စဥ်တွင် အလိမ်ခံခဲ့ရ​သော အလုပ်သမားတဦးမှ ​ပြောကြားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ယင်းအလုပ်သမားများအား ထားဝယ်၊ထီးခီးလမ်းမှတဆင့် တရားမဝင်ပို့​ဆောင်ရန် စီစဥ်​နေစဥ် တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်​တော်တို့က​တော့ ဝမ်းတွင်းနယ်ကဖြစ်ပါတယ်။ ထိုင်းကို ​လေယာဥ်နဲ့ တက်ရမယ်ဆိုလို့ သိန်း၂၀​ပေးခဲ့ရပါတယ်။​ရန်ကုန်ရောက်​နေတာ ၁၀ရက်​ကျော်ကြာပါပြီ။ပွဲစားက​တော့ ထွက်​ပြေးသွားပြီ။ passport နဲ့ ပိုက်ဆံ​တွေပြန်ရ​အောင် ကူညီ​ပေးပါ”ဟု ​ရွှေတိဂုံ အ​ရှေ့ဘက်မုဒ်ဖြစ်စဥ်တွင် အလိမ်ခံခဲ့ရ​သော လူငယ်တဦးမှ​ပြောကြားသည်ဟု ဖော်ပြထားသည်။

သဲ​တော၊ဝမ်းတွင်း၊ဧရာဝတီတိုင်း ငပု​တော၊ ​တောင်ငူ၊ ဖြူးမြို့နယ်၊​နေပြည်​တော်၊လယ်​ဝေး အစရှိ​သော ​နေရာအသီသီးမှ လိမ်လည်စု​ဆောင်းခံခဲ့​ရသော လူငယ် လူရွယ်များဖြစ်သည်။တရားမဝင်လမ်းမှ ပို့​ဆောင်မည်ကို သိရှိခဲ့​သော လူငယ်များလည်းပါဝင်လျှက်ရှိ​ကြောင်း​တွေ့ရသည်ဟု ဆိုသည်။

 

 

မြန်မာပြည်ပအလုပ်အကိုင် ဝန်​ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)မှ အမှု​ဆောင်များသည် ယင်းလုပ်သားများကို တရားဝင်လုပ်ငန်းစဥ်များအား အသိပညာပေးနှစ်သိမ့်ဆွေးနွေးခဲ့ပြီး မိဘများထံ ပြန်လည်အပ်နှံ​ရေးနှင့် နေရပ်အသီးသီးသို့ပြန်လည် ပို့​ဆောင်နိုင်ရန် ကူညီ​ဆောင်ရွက်​ပေးခဲ့ပါသည်ဟု

ဖော်ပြထားသည်။

ထို့နောက် လုပ်သားပြည်သူများအနေဖြင့် တရားမဝင်လူစုဆောင်းသည့်ပွဲစားများ လူကုန်ကူးသူများ၏ လိမ်ညာစည်းရုံးခြင်း၊ facebook လူမှုကွန်ယက်မှတဆင့် တရားမဝင်လူစုဆောင်းခြင်းများအား သတိပြုဆင်ခြင်ကြပါရန်နိူး​ဆော်ပါသည်။ တရားဝင်ပြည်ပသို့ထွက်ခွာနိုင်ရေးအတွက် လိုအပ်သော သတင်းအချက်အလက်များအား အလုပ်သမားဝန်ကြီးဌာန၏ facebook အကောင့် (Safe Migration)နှင့် MOEAF pageတို့တွင် အချိန်နှင့်တပြေးညီ အသိ​ပေးဖော်ပြပေးလျှက်ရှိပါ​ကြောင်း ​သတိပေးဖော်ပြထား

သည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS