4 May 2024

စက်တင်ဘာ ၁၆ ရက်၊ ၂၀၂၁

 

ထိုင်းတွင်နေထိုင်သည့်မြန်မာတစ်ဦးက မင်းတပ်အလှူငွေ ဘတ် ၇ သိန်းကျော်ကို ၃ လကျော်ကြာလာသည်အထိလွှဲပြောင်းပေးခြင်းမပြုဘဲ ငွေကြေးလိမ်လည်။

 

ထိုင်းနိုင်ငံတွင်နေထိုင်သည့် ချင်းကရင်ကပြားမြန်မာတစ်ဉီးက နိုင်ငံတကာမှလွှဲလာပေးသည့် အလှူငွေဘတ် ၇ သိန်းကျော်ကို ၃ လကျော်ကြာလာသည်အထိ

ပြည်တွင်းသို့လွှဲပြောင်းပေးခြင်းမပြုသေးဟုAwm Seing ဖေ့စ်ဘွတ်အကောင့်တွင်ဖော်ပြထားသည်။

 

သူမတို့၏ ဥရောပနှင့်အနမရိကားရှိ ပြည်သူတစ်ဦးကပေးပို့သည့်ငွေအမောင့်ထဲမှလက်ကျန်ငွေ ဘတ်သုံးသိန်းငါးသောင်းကျော်ကို အရင်ပြန်လွှဲပေးရန် တောင်း

ဆိုခဲ့သော်လည်း အကြောင်းပြချက်အမျိုးမျိုးပြီးရွှေ့ဆိုင်းခဲ့ရာမှ နောက်ဆုံးတွင် အကောင့်ကိုဘ‌လော့ခ်သွားခဲ့သည်ဟု ဖော်ပြထားသည်။

 

“သူအ​ကြောင်းပြချက်က ငွေကို daily limit နဲ့ထုတ်ရလို့ ဆိုပြီး ဘာညာပြောပါတယ်။ သုံးလတောင် ထုတ်မရတာမဖြစ်နိုင်ပါ။ ကျမတို့သူ့ကို တောင်းဆိုခဲ့ပါတယ်။

အကောင့်ထဲက ​ထုတ်ရတာ အဆင် မပြေရင်မထုတ်တော့ပဲ ကျမတို့ဘဏ်ထဲကို bank to bank ပြန်လွှဲလိုက်ပါဆိုတာကိုလည်း ပြန်မလွှဲ နိုင်ပဘူးရှင့်” ဟု

ရေးသားထားသည်။

 

တဆက်တည်းတွင် “သူ့အဖေက အမှူတော်ဆောင် ဆရာကြီး Do Hen Pau ပါ။ ဒီစာဖတ်တဲ့သူထဲမှာ သူအဖေကိုသိတဲ့လူပါမယ်ဆိုတာသိပါတယ်။ သူ့အဖေ

ကိုပြောပေးကြပါအုံး။ သူ့အမေက ကရင်စပ်ပါ။သူအဖေကိုသိပါပြီ။ သူ့အမျိုးတွေနှင့် စကားပြောနေပါပြီ။ သူတို့ဖြေရှင်းပေးမယ်ပြောကြပါတယ်တဲ့။ အဆင်ပြေ

ဖို့ မျှော်လင့်ပါတယ်။ကျမတို့မှာ ငွေပို့ထားတဲ့စလစ်အားလုံးအဓိကျရှိပါတယ်။ သူဂတိ တွေပေးတာ လိမ်တာတွေ အားလုံး သက်သေသိမ်းထားပါတယ်” ဟု

ဆက်လက်ဖော်ပြထားသည်။

 

ထို့နောက် “ဒီပိုစ့်ကို ကျမတို့မင်းတပ်ချင်းတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်နဲ့တင်တာပါ။ ငွေတွေအကုန်ပြန်ရရင် ဒီ ပို့စ်ကို ပြန်ဖြုတ်ပေးပါမယ်” ဟု မှတ်ချက်

ရေးသားထားသည်။

SHARE THIS NEWS

OTHER NEWS