3 May 2024

၃ ဦးအရက်အတူသောက်ရင်း ကာမစိတ်မထိန်းချုပ်နိုင်ဘဲ ယောင်္ကျားဖြစ်သူ သူငယ်ချင်းဖြင့် ယောင်္ကျားဖြစ်သူ အိမ်သာခနဝင်ခိုက် ပွေ့ဖက်နမ်းရှုံ့ခဲ့တဲ့ မိန်းမဖြစ်သူကို ယောင်္ကျားဖြစ်သူက ရိုက်နှက်ရာက လက်လွန်ပြီး သေဆုံးသွားခဲ့တဲ့ ဖြစ်ရပ်တစ်ခု ၂၀၂၂ ဇန်နဝါရီလ ၂ ရက်နေ့ က ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန့်ဘိန်မြို့နယ် ခရောင်ကျူမြို့ တွင်ဖြစ်ပွား ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံတွင်အလုပ်လာရောက်လုပ်ကိုင်သည့် မြန်မာ လင်မယား ၂ ဦးဟာ နှစ်သစ်ကူး အလုပ်ပိတ်ရက်တွင် ခင်မင်တာ ၂ လသာရှိသေးတဲ့ အလုပ်ရုံက လုပ်ဖေါ်ကိုင်ဖက်တစ်ဦးဖြင့် အခန်းတွင် အရက်အတူသောက်ကြရာက ၃ ဦးလုံးမူးပြီး ယောင်္ကျားဖြစ်သူ အိမ်သာခနဝင်ခိုက် မိန်းမဖြစ်သူဟာ ယောင်္ကျားဖြစ်သူရဲ့သူငယ်ချင်းဖြင့် ပွေ့ဖက်နမ်းရှုံ့နေတာကို အိမ်သာထဲက တွေ့မြင်ခဲ့ရတဲ့ အမျိုးသားဟာ မသိချင်ယောင်ဆောင်ခဲ့ပြီး သူငယ်ချင်းဖြစ်သူ ပြန်တဲ့အချိန်မှ မိန်းမဖြစ်သူကို ရိုက်နှက်ရာက လက်လွန်ပြီး မိန်းမဖြစ်သူ သေဆုံးသွားခဲ့တာပါ။

ပြစ်မှုကျူးလွန်သူဟာ မောင်ဇော်မင်းထက် အသက် ၄၀ နှစ်ဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာဖေါ်ပြထားတဲ့ အချက်အလက်တွေအရသိရပါတယ်။ ပြစ်မှုကျူးလွန်သူကို အခင်းဖြစ်ပြီး မကြာခင် အချိန်တွင်းမှာပဲဖမ်းဆီး ရမိခဲ့ပါတယ်။

သေဆုံးသူအမျိုးသမီးက ဇင်မာကျော်အသက် ၃၀ နှစ်လို့သိရပြီး ၁ ရက်နေ့ ည ၈ နာရီခန့်က မောင်ဇော်မင်းထက် ရိုက်နှက်ခဲ့တာကြောင့် သွေးအန်ပြီး ဦးခေါင်းကွဲအက်ဒဏ်ရာ၊ ကန်ကျောက်ခဲ့တဲ့အရှိန်ကြောင့် ဝမ်းဗိုက်တွင်း သွေးခဲဒဏ်ရာတို့ဖြင့် ၂ ရက်နေ့ မနက်ပိုင်းမှာ ဆေးရုံတွင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူ မောင်ဇော်မင်းထက် အသက် ၄၀ နှစ်ဟာ ၎င်းရဲ့အမျိုးသမီးဖြစ်သူကို ဒေါသထွက်ပြီး ထိုးကျိတ်ကန် ကျောက်ခဲ့ပြီး ဆံပင်ကိုဆွဲကာ နံရံဖြင့် အကြိမ်ကြိမ် စောင့်ခဲ့တယ်လို့ ထွက်ဆိုပါတယ်။

ပြီးနောက် အမျိုးသမီးဖြစ်သူ မေ့မျောသွားချိန်မှာ သူဟာ ကြောက်လန့်ပြီး အနီးနားရှိ ကုန်စုံဆိုင်က ထိုင်းအမျိုးသမီးတစ်ဦးကို ၎င်းအမျိုးသမီး ဆိုင်ကယ်မှောက်တာကြောင့် မေ့မျောနေပြီး ဆေးရုံကားခေါ်ပေးဖို့ အကူအညီတောင်းခံခဲ့တာပါ။ ဆေးရုံကားလာတဲ့အချိန်မှာ တော့ အသက်မကယ်နိုင်တော့ပဲ အမျိုးသမီးဖြစ်သူဟာ ဆေးရုံရောက်အပြီး ၂၀၂၂ ဇန်နဝါရီလ ၂ ရက်နေ့ အစောပိုင်းမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ထိုင်းရဲတွေက မောင်ဇော်မင်းထက်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး ထိုင်းဉပဒေအရ ထိရောက်စွာအရေးယူသွားမှာ ဖြစ်တယ် လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS