3 May 2024

ဆေးရုံတည်ဆောက်ရန်အတွက် ဘတ်သန်း ၁၀၀ လှူဒါန်း
.
ဩဂုတ် ၁၆ ရက်၊ ၂၀၂၃
.
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း အူဘွန်ရတ်ချဌာနီခရိုင်တွင် ဆေးရုံတည်ဆောက်ရန်အတွက် လုပ်ငန်းရှင် တဦးက ဘတ်သန်း ၁၀၀ လှူဒါန်းခဲ့သည်ဟု ဆေးရုံ၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
.
အူဘွန်ရတ်ချဌာနီခရိုင်ရှိ Sunpasitthiprasong Hospital ဆေးရုံတွင် ၁၅၆ ကုတင်ဆံ့ (၇) ထပ်အတွင်း လူနာအဆောက်အဦးတည်ဆောက်ရန်အတွက် အလှူခံနေသည်ဟု ဖော်ပြထားသည်။
.
ထိုသို့အလှူခံရာတွင် 3 Song Of Life အမည်ရှိ စတိတ်ရှိုးပွဲကျင်းပပြီး အလှူငွေရှာရန်ပြင်ဆင်နေဆဲဖြစ် ပြီး Sunee Grand and Convention Center လုပ်ငန်း၏ မန်းနေဂျင်းဒါရိုက်တာဖြစ်သူ Supawadee Triyangkunsri မှ ဘတ်သန်း ၁၀၀ လှူဒါန်းပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ရေးသားထားသည်။
.
အဆိုပါ အတွင်းလူနာအဆောက်အဦးတွင် မွေးကင်းစကလေးများ၊ သွေးဘက်ဆိုင်ရာလူနာများနှင့် ကင်ဆာလူနာများကို ကုသမှုပေးမည်ဖြစ်ပြီး အဆောက်အဦးနှင့်ဆေးပစ္စည်းကိရိယာများအတွက် စုစုပေါင်း ဘတ်သန်း ၁၉၀ ကုန်ကျမည်ဟု ဖော်ပြထားသည်။
.

SHARE THIS NEWS

OTHER NEWS