30 April 2024

,

ဩဂုတ် ၂၀ ရက် ၂၀၂၁

ကာဘူးလ်လေဆိပ်မှထွက်ခွာမည့် အမေရိကန်ကယ်ဆယ်ရေးလေယာဉ်ကို လိုက်ပါရန်ကြိုးစားသည့် အာဖဂန်လူငယ်ဘေားလုံသမားတစ်ဦး

ပြုတ်ကျသေဆုံး။

အာဖဂန်နစ္စတန်နိုင်ငံ၊ မြို့တော်ကာဘူးလ်ရှိ ကာဇိုင်းအပြည်ပြည်ဆိုင်ရာလေမှထွက်ခွာမည့် အမေရိကန်ကယ်ဆယ်ရေးလေယာဉ်ကို

လိုက်ပါရန်ကြိုးစားသည့် အသက် ၁၉ နှစ်အရွယ် အာဖဂန် လူငယ်လက်ရွေး စင်သက်ဘောလုံးသမား ဆာကီ အန်ဝါရီ သည် လေယာဉ်ပျံ

တက်စဉ်ပြုတ်ကျသေဆုံးခဲ့သည်ဟုအာဖဂန်အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

အာဖဂန်နစ္စတန်ကို တာလီဘန်များသိမ်းပိုက်လိုက်ပြီးနောက်တွင် ၎င်းတို့၏နိုင်ငံသားများနှင့်အာဖဂန်လုပ်ဖော်ကိုင်ဖက်များကိုကယ်ထုတ်နေသည့်

အနောက်နိုင်ငံကယ်ဆယ်ရေးလေယာဉ်များကို လိုက်ပါနိုင် ရန် အာဖဂန်ပြည်သူအမြောက်အများ ကာဘူးလ်လေဆိပ်သို့ရောက်ရှိလာကြသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်နေ့တွင် လေယာဉ်ပြေးလမ်းမှစတင်ထွက်ခွာမည့် အမေရိကန်ကယ်ဆယ်ရေးလေယာဉ်တစ်စင်းကို

အာဖဂန်ပြည်သူအလုံးအရင်းပြေးလိုက်သည့်ရုပ်သံပျံ့နှံ့သွားခဲ့ပြီး အဆိုပါလေယာဉ်ပျံတက်စဉ်လူနှစ်ဦးပြုတ်ကျသေဆုံးခဲ့သည်ဟု

ပြည်တွင်းမီဒီယာများက ဖော်ပြထားသည်။

တချိန်တည်းတွင် ၎င်းကယ်ဆယ်ရေးလေယာဉ် ကာတာသို့ရောက်ရှိပြီးနောက် လေယာဉ်ဘီးတွင် လူသေအလောင်းတွေ့ရှိရသည်ဟု

အမေရိကန်စစ်တပ်ဘက်မှထုတ်ပြန်ထားသည်။

အန်ဝါရီသေဆုံးမှုနှင့်ပတ်သက်ပြီး အာဖဂန်အားကစားနှင့်ကာယသိပ္ပံအထွေထွေညွှန်ကြားရေးမှူး၏ လူမှုကွန်ရက်စာမျက်နှာတွင်

ဝမ်းနည်းကြောင်းရေးသားဖော်ပြထားပြီး အာဖဂန်ပြည်သူအမြောက်အများက ဝမ်းနည်းကြေကွဲခြင်းမှတ်ချက်များပေးခဲ့ကြသည်။

လက်ရှိတွင် အမေရိကန်စစ်တပ်မှ ကာဘူးလ်လေဆိပ်တွင်အင်အား ၄,၅၀၀ ချထားပြီး လေဆိပ်လုံခြုံရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို

လုံခြုံရေးပေးထားပြီး တာလီယန်ဘက်က လေဆိပ်ကိုသွားရောက် မည့်လမ်းကြောင်းများတွင်စစ်ဆေးရေးဂိတ်များချထားပြီး

အထောက်အထားပြည့်စုံသည့်ပြည်သူများကိုပါလေဆိပ်သို့သွားရောက်ခွင့်ပိတ်ထားသည်ဟု သိရသည်။

SHARE THIS NEWS

OTHER NEWS