27 April 2024

တရုတ်၏ “Zero Covid-19” မူဝါဒကြောင့် ရက် ၆၀ အတွင်း အပြီးသတ်ဆွေးနွေးမှုမပြုလုပ်နိုင်လျင် ထိုင်းသစ်သီးတင်ပို့မှုဈေးကွက် ဘတ် ၁၅၀ ဘီလျံ ဆုံးရှုံးဖွယ်ရှိ။

တရုတ်အစိုးရ၏ “Zero Covid-19” မူဝါဒကြောင့် တရုတ်ပြည်သို့ထိုင်းသစ်သီးတင်ပို့မှုကို ထစ်ဆို့စေပြီးထိုင်းသစ်သီးပေါ်သည့်ရာသီမရောက်မီ ရက် ၆၀ အတွင်းအပြီးသတ်ဆွေးနွေးမှုမပြုလုပ်နိုင်လျင် ထိုင်း သစ်သီးဈေးကွက်အပေါ် ဘတ် ၁၅၀ ဘီလျံအထိဆုံးရှုံးမှုဖြစ်စေနိုင်ပြီး ဆယ်စုနှစ် ၂ ခုနှစ်အတွင်း ဒူးရင်း သီးဈေးကျဆင်းမှုအဆိုးရွားဆုံးအခြေအနေနှင့်ရင်ဆိုင်ရဖွယ်ရှိသည်ဟု ထိုင်းသစ်သီးလုပ်ငန်းရှင်နှင့် သစ်သီးတင်ပို့ရေးအသင်းဉက္ကဋ္ဌ စန်းချိုင် ပူရဏချိုင်ခီရီ ကဆိုသည်။

 

 

ထိုင်းသစ်သီးများကို လာအိုနှင့်ဗီယမ်နမ်နယ်စပ်ဂိတ် ၅ ခုမှတဆင့် တရုတ်ပြည်သို့ပို့ဆောင်နေခြင်း ဖြစ်ပြီး တရုတ်အစိုးရ၏ “Zero Covid-19” မူဝါဒကြောင့် အော်ဒါအဟောင်းများကိုသာတင်ပို့ခွင့်ပြုထားသည့်အပြင် ၁၄ ရက်သာစမ်းသပ်ဖွင့်ပေးသည်ဟု ဉက္ကဋ္ဌကဆိုသည်။

ထိုင်းနိုင်ငံအရှေ့ပိုင်းနှင့်တောင်ပိုင်းရှိသစ်သီးများသည် လာမည့်မေလတွင်ပေါ်တော့မည်ဖြစ်၍ ရက် ၆၀ အတွင်း တရုတ်အစိုးရနှင့်အပြီးသတ်ဆွေးနွေးရန်လိုအပ်သည်ဟု ဆိုသည်။

တရုတ်ဈေးကွက်သို့တင်ပို့နိုင်ခြင်းမရှိလျင် ဒူးရင်းသီး၊ မင်းကွတ်သီး၊ ကြက်မောက်သီး၊ ယိုးဒယားကနစိုးသီး စသည့်ထိုင်းနာမည်ကြီးသစ်သီးတင်ပို့မှုကိုထိခိုက်စေမည်ဖြစ်ကာ တန်ဖိုးအားဖြင့် ဘတ် ၁၅၀ ဘီလျံ ခန့်ဆုံးရှုံးနိုင်ခြေရှိသည်ဟု ဆိုသည်။

ထိုင်းစိုက်ပျိုးစီးပွားညွှန်းကြားရေးမှူးရုံး၏ခန့်မှန်းချက်အရ ၂၀၂၂ ခုနှစ်တွင် ဒူရင်းသီးတန်ချိန် ၇ သိန်းကျော်၊ မင်းကွတ်သီးတန်ချိန် ၂ သိန်းနီးပါး၊ ကြက်မောက်သီးတန်ချိန် ၂ သိန်းကျော်၊ ကနစိုးသီးတန်ချိန် ၁၈,၀၀၀ ကျော်ထွက်ရှိမည်ဟု သိရသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS