4 May 2024

အသက် ၅၁ နှစ်ရှိသူအမျိုးသားက အသက် ၅၄ နှစ်ရှိသူအမျိုးသားကို တင်တောင်း
.
ဇူလိုင် ၃၀ ရက်၊ ၂၀၂၃
.
ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်တွင်နေထိုင်သော အသက် ၅၁ နှစ်အရွယ် ထိုင်းအမျိုးသားတဦးက ထိုင်းနိုင်ငံအလယ်ပိုင်း အန်ထောင်းခရိုင်တွင်နေထိုင်သော အသက် ၅၄ နှစ်အရွယ် ထိုင်းအမျိုးသားတဦး ကို ဇူလိုင်လ ၂၉ ရက်နေ့(၂၀၂၃) က ဘတ်ငွေ ၁ သန်း၊ ရွှေ ၂၀ ကျပ်သား၊ စိန်လက်စွပ် ၂ ကွင်း၊ ပါကင်ပိတ် မော်တော်ကား ၁ စီး ဖြင့် တင်တောင်းခဲ့သည်ဟု ထိုင်းသတင်းပေ့ချ်တခုက ဖော်ပြထားသည်။
.
လာရောက်တင်တောင်းသူအမျိုးသားမှာ ချွန်ဘူရီခရိုင်ရှိ ထိုင်ဝမ်လက်ဖက်လုပ်ငန်းရှင်တဦးဖြစ်ပြီး တင်တောင်းခံရသူအမျိုးသားမှာ ဘဏ်လုံခြုံရေးဝန်ထမ်းဟောင်းတဦးဖြစ်ကာ ၎င်းတို့နှစ်ဦးက အွန်လိုင်း ပေါ်တွင်သိကျွမ်းခဲ့ကြပြီး ၂ နှစ်ကြာ တွဲခဲ့ကြပြီးနောက် ထိုင်းထုံးထမ်းအစဉ်လာနှင့်အညီ လာရောက်တင် တောင်းခြင်းဖြစ်သည်ဟု တင်တောင်းသူအမျိုးသား က ဆိုသည်။
.
ချစ်သူဖြစ်သူက တသက်တာလုံးချစ်သွားမည် စောင့်ရှောင့်သွားမည်ဟု ကတိပေးပြီး လာရောက်တင် တောင်းခဲ့သည်ဟု တင်တောင်းခံရသူက ဆိုသည်။
.
.
.
.
.
.
.
.
.
Photo: ทั่วไทยนิวส์
.

SHARE THIS NEWS

OTHER NEWS