3 May 2024

စမွတ်ပရာကန်ခရိုင် ဘန်ဖလီ (ရွှေများအခေါ်ဘန်ဖီ)ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့သည့် ကိုဗစ်-၁၉ ကူးစက်ခံထားရသော မြန်မာမီးဖွားလူနာတစ်ဦး၏

 

ထိုင်းဘာသာဖြင့်ရေးသားထားသည့် ကျေးဇူးတင် စကားကြောင့် ဆေးရုံဝန်ထမ်းများကိုစိတ်အားဖြစ်စေပြီး ဝမ်းသာပီတိဖြစ်ခဲ့ကြသည်ဟု သိရသည်။

 

 

 

မြန်မာလူနာတစ်ဦးက ဆေးရုံးဝန်ထမ်းများမှကောင်းမွန်စွာဂရုစိုက်ပြီးဆေးကုသမှုပေးသည့်အပေါ် စိတ်ကျေနပ်မိသည်ကို ထိုင်းစာဖြင့်ရေးသားထား

 

သည့်ကျေးဇူးတင်စကားကြောင့် ဆေးရုံဝန်ထမ်းများအားဝမ်းသာပီတိဖြစ်စေသည်ဟု ဘန်ဖလီဆေးရုံ၏လူမှုကွန်ရက်စာမျက်နှာတွင် ပြီးခဲ့သည့်

 

ဩဂုတ်လ ၁၃ ရက်နေ့က ရေးတင်ထားသည်။

 

 

“ရောဂါကူးစက်နိုင်ခြေအမြင့်မားဆုံးဖြစ်တဲ့ ကျမတို့ကို ဂရုစိုက်ပေးတဲ့ဆရာဝန်နဲ့သူနာပြုတွေကို ကျေးဇူးတင်ပါတယ် သူနာပြုအားလုံး

 

နေ့မအားညမအားအလုပ်လုပ်ရလို့ အရမ်းပင်ပန်းကြမှာပါ ကျမမှာပေးဆပ်နိုင်စရာဆိုလို့ကျေးဇူးတင်စကားပဲရှိပါတယ်” ဆိုပြီး

 

ထိုင်းဘာသာဖြင့်ရေးသားထားသည်။

 

 

“သီးခြားကုသခန်းမှာခုတင်သိမ်းနေတုန်း ကိုဗစ်ကူးစက်ခံထားရတဲ့ သားဖွားလူနာတစ်ဦးက ၄-၅ ရက်စောင့်ရှောက်ပေးတဲ့အတွက်

ကျေးဇူးတင်ပါတယ်ဆိုတဲ့ စာတိုလေးရေးထားပြီး ခုတင်ပေါ်မှာ ခေါင်းအုံးနဲ့ဖိထားတာကိုတွေ့လိုက်တယ် ပိုပြီးပီတိဖြစ်စေတာက

ဒီလူနာဟာမြန်မာတစ်ယောက်ဖြစ်ပေမဲ့ ဖတ်လို့နားလည်အောင် ထိုင်းလိုကြိုးစားရေးထားတာပါ” ဟု စာတိုလေးကိုတွေ့ရှိသူ

သူနာပြုဆရာမကပြောပြသည်။

 

 

အဆိုပါ မြန်မာလူနာ၏ကျေးဇူးတင်စာကြောင့် စမွတ်ပရာကန်ခရိုင် ဘန်ဖလီမြို့နယ်ဆေးရုံရှိ PPE ဝတ်ရုံရှေ့တန်းတိုက်စစ်မှူးများကို

 

ပီတိမျက်ရည်ဖြာစေခဲ့ပြီး အတိုင်းထက် အလွန်စိတ်ဓာတ်ခွန်အားဖြစ်စေသည်ဟု ဆေးရုံမှဖော်ပြထားသည်။

 

ဩဂုတ် ၁၅ ရက် ၂၀၂၁

 

SHARE THIS NEWS

OTHER NEWS