9 May 2024

ရွှေ့ပြောင်းလုပ်သားတွေကိုတင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီးသည် ဗန်ကောက်ကိုဦီးတည်သွားနေတယ်လို့ သတင်းပေးပို့ချက်အရ ဟန်ချာရဲစခန်းကသွားရောက်စစ်ဆေးခဲ့ပါတယ်။ ထိုင်းနိုင်ငံချင်းမိုင်ခရိုင်ကနေ ဗန်ကောက်ကိုသွားကြမှာဖြစ်ပါတယ်။ သတင်းရလာတော့ ဟန်ချာရဲစခန်းက မူ ၁၀ ဝင်တားကျေးရွာအုပ်စု ဟန်ချာမြို့နယ် လန်းပန်းခရိုင်မှာ တွဲဘက်အရာရှိ အရာခံတွေအပြည့်နဲ့ ဘတ်စ်ကားလာနေတဲ့လမ်းအတိုင်းကို ဂိတ်ချဖမ်းဆီးခဲ့ပါတယ်။

ယာဥ်မောင်းလာတဲ့ ထိုင်းနိုင်ငံသားအမည်ကတော့ နိုင်စူဖာ့ ထန်လင် အသက် ၅၄ နှစ်ပါ။ ကားပေါ်ပါလာတဲ့သူတွေကို စစ်ဆေးကြည့်လိုက်တော့ မြန်မာနိုင်ငံသား ၄၁ ဦီးပါ။ ယာဥ်မောင်းသူကတော့ သူတို့တွေဟာ ရွှေ့ပြောင်းလုပ်သားတွေဖြစ်မှန်း မသိခဲ့ကြောင်း အကြောင်းပြချက်တွေပေးပါတယ်။

ထိုနောက် ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားတွေကို ကနဦီးကိုဗစ်၁၉ စစ်ဆေးမှုပြုလုပ်ပါတယ်။ အားလုံးကရောဂါလက္ခဏာတွေတော့ မတွေ့ရဘူးလို့ သိရပါတယ်။ ယာဥ်မာင်းသူနဲ့ မြန်မာနိုင်ငံသား ၄၀ ကျော်ကိုတော့ ကိုဗစ်စည်းကမ်းချက်နဲ့အညီထားပြီးရင် ဥပဒေအရဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

ကိုချစ် ဇွဲကပင်မြေ Ref – One31 ရွှေ့ပြောင်းလုပ်သားသတင်း

SHARE THIS NEWS

OTHER NEWS