9 May 2024

စက်တင်ဘာ ၆ ရက်၊ ၂၀၂၁

 

ဂီနီနိုင်ငံတွင် ယမန်နေ့၌အထူးတပ်ဖွဲ့မှစစ်အာဏာသိမ်းလိုက်ပြီး သက်တမ်းရှည်လျားလွန်းသည့်သမ္မတကိုရာထူးမှဖယ်ရှားကာ

ကုန်းလမ်းရေလမ်းနယ်စပ်ဂိတ်အားလုံးကိုပိတ်ထား။

 

 

တောင်အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် ဂီနီနိုင်ငံတွင် စက်တင်ဘာ ၅ ရက်နေ့၌ အထူးတပ်ဖွဲ့မှစစ်အာဏာသိမ်းလိုက်ပြီး

သက်တမ်းရှည်လျားသည့်သမ္မတကိုရာထူးမှဖယ်ရှာပြီး ကုန်းလမ်းရေလမ်းနယ်စပ်ဂိတ်အားလုံးကိုပိတ်ထားသည်ဟု သိရသည်။

 

“ဆင်းရဲနွမ်းပါးမှုနှင့်အကျင့်ပျက်ချစားမှုပြဿနာ” သည် သမ္မတအက်လဖာ ကွန်ဒေကိုရာထူးမှဖယ်ရှားရ သည့်တွန်းအားတစ်ခု

ဖြစ်သည်ဟုစစ်အာဏာသိမ်းမှုအပေါ်ကမ္ဘာ့ကုလသမဂ္ဂ၏ရှုတ်ချမှုနှင့်အနောက်အာဖရိကစီးပွားရေးအုပ်စု၏ဖိအားပေးမှုကို

ဂီနီအထူးတပ်ဖွကာကွယ်ရေးဦးစီးချုပ်က ချေပပြောဆိုသည်။

 

“အစိုးရအဖွဲ့နဲ့အင်စတီကျုအသီးသီးကိုကျနော်တို့ဖျက်သိမ်းလိုက်ပါပြီ အခြေခံဉပဒေအသစ်တစ်ခုကိုကျနော်တို့အတူတူရေးဆွဲ

ဖို့ပြင်ဆင်နေပါတယ်” ဟု ဂီနီနိုင်ငံတော်အလံကိုခြုံထားပြီး တပ်သား ၈ ဦးရံထားသည့် ဒွမ်ဘွားယားကအစိုးရရုပ်သံမှတဆင့်

ပြောကြားခဲ့သည်။

 

သမ္မတကွန်ဒေသည် ရွေးကောက်ပွဲထပ်မံဝင်နိုင်ရန်အခြေခံဉပဒေကိုပြင်ဆင်ခဲ့ပြီး မဲအနိုင်ရရှိကာ ၂၀၂၀ ခုနှစ် အောက်တိုဘာလ

တွင် သမ္မတရာထူးကိုတတိယအကြိမ်ရယူခဲ့ပြီးနောက် အတိုက်အခံပါတီနှင့်မဲဆန္ဒရှင်ပြည်သူများကို မကျေနပ်မှုဖြစ်စေခဲ့သည်ဟု

သိရသည်။

 

 

ပြီးခဲ့သည့်နှစ်များတွင် အစိုးရဘဏ္ဍာဖြည့်တင်းရေးအတွက် အခွန်နှုန်းထားကိုအဆမတန်တိုးကောက်ခဲ့ပြီး စက်သုံးဆီဈေးနှုန်းကို

၂၀ ရာခိုင်နှုန်းအထိမြှင့်တင်ခဲ့သည့်မူဝါဒများကြောင့် ပြည်သူအများစုကို စိတ်ပျက်စေခဲ့ပြီး ပြည်သူ့အုံကြွမှုကိုမီးမွှေးပေးခဲ့သည်ဟု

သိရှိရသည်။

SHARE THIS NEWS

OTHER NEWS