29 April 2024

ဗုံးခိုကျင်း ၁၂၀၀ နီးပါး တူးဖော်ပေးနိုင်ပြီဟု NUG ထုတ်ပြန်
.
ဇူလိုင် ၄ ရက်၊ ၂၀၂၃
.
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့်တနင်္သာရီတိုင်းများတွင် အရပ်သားပြည်သူများအတွက် ဗုံးခိုကျင်းစုစုပေါင်း ၁၁၇၅ ကျင်းတူးဖော်ပေးနိုင်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူမှုကွန်ရက်စာမျက်နှာတွင် လွန်ခဲ့သော ဇူလိုင် ၁ ရက်နေ့ (၂၀၂၃) က တရားဝင် ထုတ်ပြန်ထားသည်။
.
အကြမ်းဖက်စစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုများကို မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် နေ့စဉ် ရက်ဆက် ပြုလုပ်လျက်ရှိပါတယ်။ မြေပြင်ရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းများနှင့် ကျောင်းများ တည်ရှိရာ ဒေသများတွင် လေကြောင်းရန်နှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု အန္တရာယ်တို့မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် “CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များ ကို ဝိုင်းလို့ကူ” အစီအစဥ်ဖြင့် ရန်ပုံငွေရှာဖွေပြီး ဗုံးခိုကျင်းများတူးဖော်ပေးရာ (၈၃၆) ကျင်းတူးဖော် ပေးခဲ့ပြီးဖြစ်ပါတယ် ဟု ဖော်ပြထားသည်။
.
ဆက်လက်ပြီး လက်ရှိအခြေအနေတွင် အရပ်သားပြည်သူများနေထိုင်ရာ ဒေသများကိုပါ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ အချိန်မရွေးဖြစ်ပေါ်လာနိုင်တာကြောင့် အရပ်သားပြည်သူများ (အထူးသဖြင့် စစ်ရှောင်ပြည် သူများ) အတွက် ယာယီပုန်းခိုစရာနေရာများ၊ ဗုံးခိုကျင်း‌များနှင့် ကတုတ်ကျင်းများအား မြေပြင်လူထု အားနဲ့အတူ ဆက်လက်ဆောင်ရွက်ပေးရန် အလှူရှင်များက ရန်ပုံငွေများဆက်လက်လှူ ဒါန်းလာတဲ့ အတွက် ကြားကာလပညာသင်ကြားရေး ဖော်ဆောင်နေသည့် မြေပြင်စာသင်ကျောင်းများ အပြင် စစ် ရှောင်စခန်းများတွင်ပါ ဗုံးခိုကျင်းများတူးဖော်ပေးလျက်ရှိပါတယ်ဟု ဖော်ပြထားသည်။
.
ထို့နောက် ဇွန်လအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ဗုံးခိုကျင်း (၃၃၉) ကျင်း တူးဖော်ပေးရာ စုစုပေါင်းဗုံးခိုကျင်း (၁,၁၇၅) ကျင်းဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်ဟု ဖော်ပြထားသည်။
.
ထို့ပြင် ဗုံးခိုကျင်းများ တူးဖော်ပေးရာတွင် ပါဝင်ခဲ့ကြတဲ့ တစ်ဦးတယောက်ချင်းစီကို ကျေးဇူးတင်ဂုဏ်ပြု လျက် အရပ်သားပြည်သူများထိခိုက်မှုလျှော့ချနိုင်ရေးအတွက် ဗုံးခိုကျင်းတွေကို မြေပြင်ရှိပြည်သူများ၏ စုပေါင်းအားနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ထားမှုများကိုလည်း မျှဝေတင်ပြပေးလိုက်ပါတယ်ဟု ဆက်လက်ဖော်ပြထားသည်။
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ
.

SHARE THIS NEWS

OTHER NEWS