4 May 2024

ထိုင်းထက်လုပ်ခလစာ ၅ ဆမြင့်မားပြီး ပညာအရည်အချင်းမလိုအပ်ခြင်းကြောင့် ကိုရီးယာတွင် သွားရောက်လုပ်ကိုင်သည့် ထိုင်းလုပ်သားအရေအတွက်နှစ်စဉ်တိုးတက်။

ထိုင်းနိုင်ငံထက်လုပ်ခလစာ ၅ ဆခန့်ပိုမိုမြင့်မားပြီး ပညာအရည်အချင်းမလိုအပ်ခြင်းကြောင့် ကိုရီးယားနိုင်ငံသို့သွားရောက်လုပ်ကိုင်သည့် ထိုင်းလုပ်သားဦးရေနှစ်စဉ်တိုးတက်နေသည်ဟု ထိုင်းအလုပ်သမားဦးစီးဌာနမှဖော်ပြထားသည်။

အသက် ၁၈ နှစ် မှ ၃၉ နှစ်အတွင်းရှိ ထိုင်းလုပ်သားများကို ကိုရီးယားနိုင်ငံရှိ စက်မှုလုပ်ငန်း၊ စိုက်ပျိုး ရေးနှင့်မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်ရန်ခေါ်ယူနေပြီးထိုင်းအလုပ်သမားဦးစီးဌာန၏အစီအစဉ်ဖြင့် စေလွှတ်နေသည်ဟု သိရသည်။

ကိုရီးယားနိုင်ငံသို့သွားရောက်လုပ်ကိုင်လိုသည့်ထိုင်းလုပ်သားများအနေဖြင့် ကိုရီးယားဘာသာစကားသင်တန်းတက်ရောက်ပြီး ဖြေဆိုရမည်ဟု သိရသည်။

ပလတ်စတစ်စက်ရုံအလုပ်အကိုင်တွင် လုပ်ခလစာ ၅၅,၀၀၀ ဘတ် မှ ၈၅,၀၀၀ ဘတ်၊ ခရမ်းချဉ်သီးခြံအလုပ်အကိုင်တွင် ၅၄,၀၀၀ ဘတ် မှ ၆၀,၀၀၀ ဘတ်၊ မွေးမြူရေးခြံအလုပ်အကိုင်အတွင် ၅၅,၀၀၀ ဘတ် မှ ၆၅,၀၀၀ ဘတ်၊ မုံညင်းစိုက်ခင်းအလုပ်အကိုင်အတွင် ၅၅,၀၀၀ ဘတ် မှ ၆၀,၀၀၀ ဘတ်၊ မော် တော်ကားအစိတ်အပိုင်းစက်ရုံအလုပ်အကိုင်တွင် ၅၈၀၀၀ ဘတ် မှ ၁ သိန်းဘတ်အထိရရှိမည်ဟု ဖော်ပြထားသည်။

ထိုင်းနိုင်ငံခြားအလုပ်အကိုင်စီမံအုပ်ချုပ်ရေးညွှန်ကြားရေးမှူးရုံး၏ ဒီဇင်ဘာလ (၂၀၂၁)အချက်အလက်အရ ထိုင်းဝမ်တွင်တရားဝင်သွားရောက်လုပ်ကိုင်နေသည့်ထိုင်းလုပ်သားဦးရေသည် အများဆုံးဖြစ်ပြီး စုပေါင်း ၄၉,၄၅၁ ဦးရှိသည်ဟု ဖော်ပြထားသည်။ ဒုတိယအများဆုံးမှာ ကိုရီးယား ၂ သောင်းဦး၊ တတိယအများဆုံးမှာ ဂျပန်နိုင်ငံဖြစ်ပြီး ၄,၃၄၇ ဦး ရှိသည်ဟု ဖော်ပြထားသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS