29 April 2024

ထိုင်းနိုင်ငံ၏ နိုင်ငံတော်ကြွေးမြီသည် ဘတ် ၉.၃၄ ထရီလျံရှိလာပြီး ယခင်နှစ်ထက် ဘတ် ၁.၄၉ ထရီလျံမြင့်တက်လာကာ နိုင်ငံ့ဂျီဒီပီ၏ ၅၈.၁၅ ရာခိုင်နှုန်းအထိခုန်တက်လာသည်ဟု ထိုင်းအစိုးရ အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရတ်ချဒါ ဆို။

 

ထိုင်းနိုင်ငံ၏ ၂၀၂၀-၂၀၂၁ ဘတ်ဂျက်နှစ် နောက်ဆုံးရက်ဖြစ်သည့် စက်တင်ဘာ ၃၀ (၂၀၂၁) ရက်နေ့အထိ နိုင်ငံတော်ကြွေးမြီသည် ဘတ် ၉.၃၄ ထရီလျံ (သန်း ၉.၃၄ သန်း – ၉,၃၄၀,၀၀၀,၀၀၀,၀၀၀) ရှိပြီးယခင်ဘတ်ဂျက်နှစ်ထက် ဘတ် ၁.၄၉ ထရီလျံမြင့်တက်လာကာ နိုင်ငံ့ဂျီဒီပီ၏ ၅၈.၁၅ ရာခိုင်နှုန်းရှိလာသည်ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

 

အစိုးရမှတိုက်ရိုက်ချေးယူသည့်ကြွေးမြီပမာဏသည်ဘတ် ၇.၅ ထရီလျံကျော် (သန်း ၇,၅၀၄,၂၁၄.၂၄ သန်း) ရှိပြီး ဂျီဒီပီ၏ ၄၆.၇၃ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။

 

ငွေကြေးစနစ်ပြန်လည်နာလန်ထူရေးအတွက် အစိုးရချေးငွေမှာ ဘတ် ၆၉၉ ဘီလျံကျော်ရှိပြီး ဂျီဒီပီ၏ ၄.၃၆ ရာခိုင်နှုန်းနှင့်ညီမျှသည်ဟု သူမကဆိုသည်။

 

ထို့ပြင် နိုင်ငံတော်ကြွေးမြီအချိုးသည်ဂျီဒီပီ၏ ၅၈.၁၅ ရာခိုင်နှုန်းရှိနေပြီး သတ်မှတ်ထားသည့် ၇၀ ရာခိုင်နှုန်းထက်လျော့နည်းနေသည်ဟု ဆိုသည်။

 

အစိုးရကြွေးမြီအချိုးသည် ခန့်မှန်းဘတ်ဂျက်နှစ်ဝင်ငွေ၏ ၃၂.၂၇ ရာခိုင်နှုန်းတွင်ရှိနေပြီး သတ်မှတ် ၃၅ ရာခိုင်နှုန်းထက်လျော့နည်းသည်ဟု ဆိုသည်။

 

နိုင်ငံခြားငွေနိုင်ငံတော်ကြွေးမြီသည် နိုင်ငံတော်ကြွေမြီအားလုံး၏ ၁.၈၀ ရာခိုင်နှုန်းတွင်ရှိနေပြီး သတ်မှတ် ၁၀ ရာခိုင်နှုန်းထက်လျော့နည်းသည်ဟု ဆိုသည်။

 

ထို့နောက် နိုင်ငံခြားငွေနိုင်ငံတော်ကြွေးမြီအချိုးသည် ပို့ကုန်နှင့်ဝန်ဆောင်မှုဝင်ငွေ၏ ၀.၀၆ ရာခိုင်နှုန်းရှိပြီး သတ်မှတ်ထားသည့် ၅ ရာခိုင်နှုန်းထက်လျော့နည်းသည်ဟု ဆိုသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS