4 May 2024

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးနှင့်အရောင်းအဝယ်များတွင် တရုတ်ယွန်ငွေ သို့မဟုတ် မြန်မာကျပ်ငွေဖြင့်ပေးချေနိုင်ပြီဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထုတ်ပြန်။

 

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးနှင့်အရောင်းအဝယ်ကိစ္စရပ်များတွင် တရုတ်ယွန်ငွေ သို့မဟုတ် မြန်မာကျပ်ငွေဖြင့် ပေးချေနိုင်ပြီဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားကြောင်း Global Times သတင်းဌာနကဖော်ပြထားသည်။

 

နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့်ကုန်စည်ပို့ဆောင်ရေးကိုအထောက်အကူပြုရေး၊ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုဖွံ့ဖြိုးလာရေး၊ ဒေသတွင်းငွေစက္ကူဦးစားပေးရေး စသည့်ရည်ရွယ်ချက်များဖြင့် ဗဟိုဘဏ်မှခွင့်ပြုခဲ့သည်ဟု ဆိုသည်။

 

အာဆီယံအသင်းချုပ်၏ငွေကြေးဆိုင်ရာစုဖွဲ့မှုလမ်းစဉ်အရပ်လုပ်ဆောင်ခြင်းဖြစ်ပြီး ကုန်သည်များသည်သတ်မှတ်ဘဏ်များတွင် တရုတ်ယွန်ငွေဖြင့်ဘဏ်အကောင့်ဖွင့်နိုင်မည်ဟု သိရသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလကတည်းက ပြည်တွင်းဘဏ်များတွင် ယွန်ငွေကိုတရားဝင်လဲလှယ်ပေးနေပြီဟု ဆိုသည်။

 

နိုင်ငံတကာငွေပေးချေမှုနှင့်နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းကဘဏ်များတွင်ယွန်ငွေကိုနိုင်ငံတကာငွေပေးချေမှုနှင့်ငွေထုတ်ငွေလွှဲခွင့်ပြုထားသည်ဟု ဖော်ပြထားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS