3 May 2024

ခိုရတ်တွင် အထောက်အထားသိမ်းခံထားရသည့် အလုပ်သမား ၅ ဦးကို ကူညီ
.
ဩဂုတ် ၁၈ ရက်၊ ၂၀၂၃
.
ထိုင်းအရှေ့မြောက်ပိုင်း နခွန်ရတ်ချစီးမား (ခိုရတ်)ခရိုင်တွင် အလုပ်ရှင်သူဌေးက အထောက်အထာသိမ်း ထားပြီး အပြင်ထွက်ခွင့်မပြုသော မြန်မာအလုပ်သမား ၅ ဦးကို WAG မြန်မာအလုပ်သမား ကူညီစောင့် ရှောက်ရေးအဖွဲ့ မှ သွားရောက်ကူညီပေးခဲ့သည်ဟု WAG ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့က ဖော်ပြ ထားသည်။
.
အထောက်အထား (Passport,Work Permit)သိမ်းခံထားရသော အလုပ်သမားများက အကူအညီ တောင်း ခံလာသဖြင့် လွန်ခဲ့သော ဩဂုတ်လ ၁၆ ရက်နေ့ (၂၀၂၃) တွင် ခိုရတ်ခရိုင်အလုပ်အကိုင်ရှာဖွေရေးရုံး (ကျတ်ဟားငန်ရုံး) သို့ သွားရောက်ပြီး တိုင်ကြားပေးခဲ့သည်ဟု ဖော်ပြထားသည်။
.
ထိုသို့တိုင်ကြားပြီးနောက်တွင် “အလုပ်သမားများ၏အထောက်အထားများကို သက်တမ်းတိုး၍မရ တော့သဖြင့် အပြင်ထွက်ခွင့်မပြုခြင်းဖြစ်ကြောင်း၊ အလုပ်သမားများအား လူသစ်ဘတ်ရိုက်ပေးရန် အမည်စာရင်း (Name List)” တင်ထားပေးပြီဖြစ်ကြောင်း အလုပ်ရှင်ဘက်မှ ပြန်လည်ဖြေရှင်းထားသည်
ဟု ဖော်ပြထားသည်။
.
အလုပ်ရှင်၏မပွင့်လင်းမှု‌ကြောင့် အလုပ်ရှင်နှင့်အလုပ်သမားကြား နားလည်မှုလွဲနေသည်ကို ကူညီဆောင်ရွက်ပေးခဲ့ပါသည်ဟု ဆက်လက်ဖော်ပြထားသည်။
.
Photo: WAG မြန်မာအလုပ်သမား ကူညီစောင့် ရှောက်ရေးအဖွဲ့
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS