26 April 2024

,

လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့မှာ စင်္ကာပူနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲမှာ VAR စနစ်အသုံးမှာမဟုတ်ဘူးလို့ ထိုင်းဘောလုံးအဖွဲ့ချုပ်အတည်ပြု။

စင်္ကာပူနိုင်ငံမှာ ကျင်းပမယ့်အာဆီယံဘုရင်လုပွဲမှာ VAR စနစ်အသုံးပြုမှာမဟုတ်ဘူးလို့ ထိုင်းဘောလုံးအဖွဲ့ချုပ် ဒု-ဉက္ကဋ္ဌ ဖထစ် စူဖဖွန်က အတည်ပြုပြောကြားပါတယ်။

“ဒီပြိုင်ပွဲမှာVAR စနစ်အသုံးပြုမှာမဟုတ်ဘူးဆိုတာ ကျနော်အတည့်အလင်းပြောချင်ပါတယ် ဗီအေအာဆိုတာ စက်တပ်ဆင်ပြီးချက်ချင်းသုံးလို့ရတာမဟုတ်ပါဘူး အသုံးပြုခွင့်လိုင်စင်တင်ထားဖို့လည်းလိုပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် “ဗီအေအာအခန်းမှာထိုင်မယ့်ဒိုင်လူကြီးလိုအပ်သလို ဗီအေအာစနစ်ကိုနားလည်တဲ့ကွင်းလယ်ဒိုင်လူကြီးလည်းလိုအပ်ပါတယ်။ အာဆီယံလိဂ်တွေမှာ ဗီအေအာစနစ်အသုံးပြုနိုင်တဲ့ဒိုင်လူကြီးအင်မတန်နည်းပါးနေသေးတယ်။ လာမယ့် ဆူဇူကီးပြိုင်ပွဲအတွက် ဒီစနစ်ကိုကျင့်သုံးဖို့ဒိုင်လူကြီးအဆင်သင့်မဖြစ်သေးသလို အိမ်ရှင်ကလည်းမသုံးဘူးလို့ဆိုပါတယ်” ဆိုပြီး ဆက်လက်ပြောကြားပါတယ်။

တဆက်တည်းမှာ “ဗီအေအာစနစ်နဲ့ထိတွေ့မှုရှိနေပြီးသားဖြစ်တဲ့ ကျနော်တို့လိဂ်အတွက် စိုးရိမ်စရာ ရှိသလားဆိုတော့ အရင်နေရာကိုပြန်ရောက်သွားတာပေါ့” လို့ ဆိုပါတယ်။

ဒီပြိုင်ပွဲမှာ အသင်းနှစ်သင်းအမှတ်တူခဲ့ရင် ဟက်တူဟက်ကိုအရင်ကြည့်ပြီးမှ ရဂိုးပေးဂိုးကိုကြည့်မှာဆိုတော့ ဂိုးအရေတွက်ကအုပ်စုတက်ဖို့သက်ရောက်မှုရှိပါတယ်လို့ဆိုပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS