2 May 2024

စမွတ်ပရာကန်တွင် ဂက်စ်အိုးပေါက်ကွဲမှုကြောင့် အိမ်ရှင်ဒဏ်ရာပြင်ထန်းရရှိ
.
ဇွန် ၁၅ ရက်၊ ၂၀၂၃
.
မြို့တော်ဗန်ကောက်တောင်ဘက်ရှိ စမွတ်ပရာကန်ခရိုင်တွင် မီးဖိုချောင်သုံးဂက်စ်အိုး ပေါက်ကွဲရာက အိမ်ရှင်ဒဏ်ရာပြင်းထန်သည်ဟု နယ်မြေခံသတင်းပေ့ချ်တစ်ခုက ဖော်ပြထားသည်။
.
လွန်ခဲ့သော ဇွန်လ ၁၃ ရက်နေ့ ည ၉ နာရီခွဲအချိန်က စမွတ်ပရာကန်ခရိုင်၊ စမွတ်ပရာကန်မြို့နယ်ရှိ ဖရုစား ၇၄/၂ အိမ်ရာဝင်းအတွင်းရှိ အိမ်အမှတ် ၁၂၄/၂၂၅ တွင် မီးဖိုချောင်သုံးဂက်စ်အိုးပေါက်ကွဲမှုဖြစ်ပွား ခဲ့သည်ဟု ဖော်ပြထားသည်။
.
အခင်းဖြစ်ပွားသည့်နောက် ဂက်စ်အိုးပေါက်ကွဲမှုဖြစ်ပွားသည့်ဒုတိယအထပ်သို့ ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာပြီး မီးလောင်ဒဏ်ရာ ၉၀ ရာခိုင်နှုန်း ရရှိထားသည့် အသက် ၄၄ နှစ်အရွယ် အိမ်ရှင်အမျိုး သမီးကို ရှေးဦးသူနာပြုစုမှုပေးပြီးနောက် လူနာတင်ကားဖြင့် စမွတ်ပရာကန်ဆေးရုံသို့ပို့ဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။
.
အခင်းဖြစ်ပွားနေ့မီးဖိုချောင်နေရာကို စစ်ဆေးရာတွင် ၁၅ ကီလိုဂရမ်အရွယ်အစားရှိ ဂက်စ်အိုးတစ်လုံးကို တွေ့ရှိရပြီး ကယ်ဆယ်ရေးဝန်ထမ်းမှ ဂက်စ်အိုးဗားကိုပိတ်လိုက်ပြီးနောက် အပြင်သို့ယူထုတ်ခဲ့ရသည်ဟု ဆက်လက်ဖော်ပြထားသည်။
.
.
.
.
.
.
.
Photo: ข่าวปราการนิวส์โพสต์
.

SHARE THIS NEWS

OTHER NEWS