26 April 2024

ရာနှုန်းပြည့်ပြန်လည်သုံးစွဲနိုင်ဖို့ (recycle) တောင်ကိုရီယားတွင် ကုန်အမှတ်တံဆိပ်ကတ်ပြား မပါရှိတဲ့ ကိုကာကိုလာအချိုရည်ဘူးများ (Coca-Cola Contour Label Free) ထုတ်လုပ်ရောင်းချမည်။

အခုလိုထုတ်လုပ်တဲ့အခါ ၂၄ ဘူးဝင်ပါကင် ( ၃၇၀ မီလီလီတာအရွယ်အစား) များကိုသာကုန် အမှတ် တံဆိပ်ကတ်ပြားမဲ့ထုတ်လုပ်မှာဖြစ်သလို အွန်းလိုင်းကသာရောင်းချမှာဖြစ်ပါတယ်။ ကုန်စည်အညွှန်းနဲ့ ဘားကုဒ်ကိုတော့ ကုန်ထုပ်ပစ္စည်း(packaging)ပေါ်မှာဖော်ပြထားမယ်လို့ဆိုပါတယ်။ ဒါကြောင့် Coke Original နဲ့Coke zero တို့ရဲ့ကွဲပြားမှုကို ဘူးအဖုံးမှာသာမြင်တွေ့ရတော့မှာဖြစ်ပါတယ်။ မီနီမတ်တွေမှာ လက်လီရောင်းချနေတဲ့ ကိုကာကိုလာဘူးတွေကိုတော့ကုန်စည်အညွှန်းဖော်ပြထာဖို့အတွက် ကုန်အမှတ် တံဆိပ်ကတ်ပြားပါရှိဦးမှာဖြစ်ပါတယ်။

 

တောင်ကိုရီးယားသဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ရေသန့်ဘူးတွေကိုကုန်အမှတ်တံဆိပ်ကတ်ပြားမဲ့ထုတ်လုပ်ဖို့မူဝါဒချမှတ်လိုက်တဲ့နောက် အခုလိုထုတ်လုပ်လာတာလို့ဆိုပါတယ်။ ကုန်အမှတ်တံဆိပ်ကတ်ပြားတွေဟာ ပြန်လည်အသုံးပြုနိုင်ခြင်းမရှိတာကြောင့် တန်ချိန်မြောက်များစွာသောပလတ်စတစ်အမှိုက်တွေကိုဖြစ်ပေါ်စေပြီး အချိုရည်ဘူးခွံကိုရီဆိုက်ကယ်လုပ်ဖို့အတွက် ကုန်အမှတ်တံဆိပ်ကတ်ပြားတွေကို ပြန်ခွဲထုတ်ရတာကြောင့် ကုန်ကျစရိတ်ပိုများစေတယ်လို့ ဝေဖန်မှုတွေဖြစ်ပေါ်ခဲ့တဲ့နောက် တောင်ကိုရီးယားအစိုးရက ဒီမူဝါဒကိုချမှတ်ခဲ့တာလို့ သိရပါတယ်။

 

 

ဒါကြောင့် ၂၀၁၉ ခုနှစ်တုန်းကထုတ်လုပ်ရောင်းချခဲ့တဲ့ မူလဒီဇိုင်းအချိုရည်ဘူး ၄.၂ သန်းဘူးနေရာမှာ “ကုန်အမှတ်တံဆိပ်ကတ်ပြားမဲ့” တွေနဲ့အစားထိုးနိုင်တဲ့အခါ ပလတ်စတစ်အမှိုက်တန်ချိန် ၂၄.၆ သန်း လျှော့ချနိုင်မှာဖြစ်ပါတယ်။ ယခုအခမှာ ကုန်စည်အမျိုးအစားအသီးသီးက ‘Label Free’ ဘူးတွေကို အပြိုင်ထုတ်လုပ်လာကြတဲ့အတွက် ပလတ်စတစ်အမှိုက်ပမာဏကိုပိုမိုလျှော့ချနိုင်မှာဖြစ်သလို စီမံခန့်ခန့်တဲ့အပိုင်းမှာလည်းပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ထုတ်လုပ်သူတွေအတွက် ရီဆိုက်ကယ်အသုံးစရိတ်ကိုလည်းသက်သာလာစေပါတယ်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS